ငပုတော ဖေဖော်ဝါရီ ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ငပုတောမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ငှက်ဖျားရောဂါတိုက်ဖျတ်ရေး အထူးအစီအစဉ်ဖြင့် ကွင်းဆင်းလှုပ်ရှားမှုများဆောင်ရွက်လျက်ရှိသည်။
အဆိုပါ ငှက်ဖျားရောဂါ တိုက်ဖျတ်ရေးလုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသန့်ဇော်မြင့်၏ ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းများက ငပုတောမြို့နယ်အတွင်းရှိ ငရုတ်ကောင်းမြို့အတွင်းရှိ ကျေးရွာများနှင့် ဟိုင်းကြီးကျွန်းမြို့အတွင်းရှိ ကျေးရွာများအချို့တွင် ငှက်ဖျားရောဂါ အသိပညာပေးဟောပြောများပြုလုပ်ပြီး ငှက်ဖျားရောဂါပိုးရှိ/မရှိ စစ်ဆေးရာ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ လူဦးရေ(၁၃,၄၅၂) ဦးအား စစ်ဆေးခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ (၄၂)ဦးရှိကာ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနဝန်ထမ်းများက လိုအပ်သည့် ဆေးဝါးထောက်ပံ့မှုများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)