စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနား တက်ရောက်

မုံရွာ ဖေဖော်ဝါရီ ၂၇

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်သည် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ရွှေဘိုတပ်နယ်မှူး၊ တိုင်းဒေသကြီးအအဆင့် ဌာနဆိုင်ရာများ၊ ရွှေဘိုခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌများနှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဖေဖော်ဝါရီ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ရွှေဘိုမြို့၊ ရွှေဘိုခရိုင်စုပေါင်းရုံးရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် ရွှေဘိုခရိုင်အဆင့် ဌာနဆိုင်ရာများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

ဦးစွာ ရွှေဘိုခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများက ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်များအတွင်း ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေမြူရေး နှင့်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြ ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့် ခရိုင်စမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်များက မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များက ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်များနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် ဂုဏ်ပြုချီး မြှင့်ငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရွှေဘိုခရိုင်အတွင်း လုံခြုံတည်ငြိမ်ရေး၊ တရားဉပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး လုပ်ငန်းများနှင့် MSMEs လုပ်ငန်းများဆောင်ရွက်ပေးနေမှု အခြေအနေများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)