နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်သည် ပန်းတနော်မြို့အတွင်း၌ ဆရာတော်သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆပ်ကပ်လှူဒါန်းခြင်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး

ပန်းတနော် ဖေဖော်ဝါရီ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့၀င် မန်းငြိမ်းမောင်နှင့်အဖွဲ့သည် ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်ခန့်က ဧရာ၀တီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့သို့ရောက်ရှိကာ အလယ်ပိုင်းရပ်ကွက် မြတောင်စာသင်ကျောင်းတိုက် ဘဒ္ဒန္တ ဦးဝိမလနှင့် ဆရာတော် ဘဒ္ဒန္တဦးကုမာရအား ဖူးမျှော်ကြည်ညိုကာလှူဖွယ်၀တ္တုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ ပန်းတနော်မြို့နယ် အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း သို့လာရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးခဲ့သည်။

ထို့နောက် ပန်းတနော်မြို့နယ် အလယ်ပိုင်းရပ်ကွက် ရွှေဟင်္သာလယ်ပေါ် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဦးသုမင်္ဂလနှင့် ပန်းတနော်မြို့နယ် အရှေ့ပိုင်းရပ်ကွက် လေးထပ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တဦးသုဝဏ္ဏတို့အား ဖူးမျှော်ကြည်ညိုကာ လှူဖွယ်၀တ္တုပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့သည်။

ယင်းနောက် ပန်းတနော်မြို့နယ် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သို့လာရောက်၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)