ညောင်လေးပင်မြို့နယ်၌ ပါဠိပထမပြန်စာမေးပွဲအောင် ရဟန်း၊ သာမဏေ၊ သီလရှင်များအား စူဠဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ၌ ဖြေဆိုအောင်မြင်တော်မူကြသော ရဟန်းသာမဏေများနှင့် သီလရှင်များအား ဘွဲ့လက်မှတ်အဆောင်အယောင်နှင့် စာအောင်လက်မှတ်ဆက်ကပ်ခြင်း (စူဠဘွဲ့နှင်းသဘင်)အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ညောင်လေးပင်မြို့ ဒက္ခိဏာရာမ အသောကာရုံတောင်ကျောင်းတိုက်၌ ကျင်းပခဲ့သည်။