ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အဆင့် မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်အား စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၉)နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မချမ်းဘောမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အသိပညာပေး ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့မွန်းလွဲ၁နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နီနီလွင်က လူငယ်နှင့်ပြည်သူ့နီတိခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောရာတွင် ကျောင်းသားလူငယ်များအနေဖြင့် ငယ်စဥ်ကစ၍ လိုက်နာနေထိုင်ရမည့် ကျင့်ဝတ်များ၊ တာဝန်များနှင့် အသိပညာအတတ်ပညာ ပြည့်စုံစွာဖြင့် ဖွံ့ဖြိုးနိုင်ရေးအတွက်စာများများ ဖတ်ရှုကြရန်တို့ကို အသိပညာပေးဟောပြောခဲ့သည်။

အင်ပင်မြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ် ရေသယ်ယာဥ် စွမ်းရည်ပြသပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ်အင်ပင်မြို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ရေဂါလံ (၁၀၀၀) ဆံ့ မီးသတ်ရေသယ်ယာဥ် စွမ်းရည် ပြသပွဲနှင့်ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲကို ယမန်နေ့နံနက်က အင်ပင်မြို့အုပ်ချုပ်ရေးမှူးရုံး အစည်းဝေးခန်းမနှင့် Royal ဆီဆိုင်တို့တွင်ကျင်းပခဲ့သည်။

ကြံခင်းမြို့တွင် အစိုးရပါဠိပထမ ပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့တွင် အစိုးရပါဠိပထမပြန်စာမေးပွဲနှင့် စူဠဘွဲ့နှင်းသဘင် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယမန်နေ့ ညနေပိုင်းက ကြံခင်းမြို့ ၊ ရွှေညောင်ပင်ကျောင်းတိုက်၊ ပညာဆီမီးဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ကန့်ဘလူမြို့နယ်၌ အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်း ၄၃ ဝိုင်း စာသင်သား ၅၁၀ ဦးဖြင့် သင်ကြားလျက်ရှိ

ရပ်ရွာအတွင်းရှိ စာမတတ်သူ ကျောင်းမနေဖူးသူများ ပညာရေးနှင့်ရင်းနှီးကျွမ်းဝင်ပြီး စာတတ်မြောက်ရေးမြှင့်တင်နိုင်ရန် ရပ်ကွက်၊ ကျေးရွာများတွင် အခြေခံစာသင်ဝိုင်းများကို စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်၌ ၂၀၂၄ ခုနှစ် အစိုးရ ပါဠိပထမပြန်စာမေးပွဲ (သတ္တ‌မ)နေ့ ပထမတန်းကြီးများ အောင်မြင်စွာ ဖြေဆိုပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့နှင့် မြို့နယ်သံဃာ့ နာယကအဖွဲ့တို့က ကြီးမှူးကျင်းပ‌ သော အစိုးရပါဠိပထမပြန်စာမေးပွဲကို စဉ့်ကိုင်မြို့နယ်၊ တရုတ်စု ရပ်ကွက်ရှိ ‌တိုက်ကျောင်း ပရိယတ္တိစာသင်တိုက်ရှိ ရွှေကံကူဓမ္မာရုံနှင့်သဇင်ညွန့်ဓမ္မာရုံတို့၌ ၂၀၂၄ ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲကို ဧပြီလ ၃ ရက်နေ့မှ စတင်ဖြေဆိုခဲ့ရာ ဧပြီလ ၉ ရက်နေ့ (သတ္တမ) နေ့တွင် ပထမကြီးတန်းများ  အောင်မြင်စွာ ဖြေဆိုပြီးစီးခဲ့ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် မြို့နယ်ပေါင်းစုံဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တက်ရောက်

တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက  ထားဝယ်မြို့၊ ရွှေဝယ်သီရိအားကစားခန်းမ၌ ကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ် အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၃ ခုနှစ်၌ ကျင်းပခဲ့သော အစိုးရပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲ စာအောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အ.ထ.ကပုသိမ်ကြီးရှိ အောင်ဇဗ္မူခန်းမ၌ ကျင်းပခဲ့သည်။
Subscribe to