ပေါင်းတည်၌ နွေစပါးစိုက်ပျိုးထားရှိမှုများ အောင်မြင်ဖြစ်ထွန်း

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံ့စီပွားမြှင့်တင်ရန်ပုံငွေဖြင့် စိုက်ပျိုးထားသော နွေစပါးများကို ပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်အောင်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ သက်တမ်း ၂ လကျော်နေပြီဖြစ်သော နွေစပါးစိုက်ပျိုးထားရှိမှု အခြေအနေကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများ ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် တိုင်းဒေသကြီးမီးသတ်ဦးစီးဌာနမှကြီးမှူး၍ ပြည်သူများအားမီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးနှင့်သိရှိလိုက်နာဆောင်ရွက်နိုင်ရန်အတွက် အသိပညာပေးလက်ကမ်းစာစောင်၊ အရေးပေါ်ဆက်သွယ်နိုင်သည့် တယ်လီဖုန်းနံပါတ်နှင့် 191 စတစ်ကာများကို ယနေ့နံနက်ပိုင်းတွင် ဖြန့်ဝေဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်တွင် ပတ်ဝန်းကျင်ထိခိုက်ညစ်ညမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ရွှေနံ့သာရပ်ကွက်၊ ဇလောင်းကျေးရွာနှင့် အောင်ချမ်းသာကျေးရွာများရှိ စက်ရုံ၊ အလုပ်ရုံများ၌ ဆောင်ရွက်ခဲ့သည်။

ပင်းတယမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ

ပင်းတယမြို့၌ ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေး Talk Show ကျင်းပ ပင်းတယ ဧပြီ ၁၁ ခရိုင်(ပြန်/ဆက်)

ညောင်လေးပင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆုပေးပွဲအခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ယနေ့နံနက် ၁၁ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စာရေးဆရာအသင်းတို့ ပူးပေါင်း၍ အခြေခံပန်းချီရေးဆွဲနည်းသင်တန်း ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပဲခူးမြို့၌ စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညို

ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ယမန်နေ့၊ နံနက်ပိုင်းက စတုတ္ထအကြိမ်မြောက် သောတပန်ဆီအလှူတော် မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်ကြည်ညိုခဲ့သည်။

တောင်ငူမြို့၌ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ အမိုးလန်ပျက်စီးပြိုကျမှုဖြစ်ပွား

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၌ ၂၀၂၄ ခုနှစ်၊ ဧပြီ ၁၀ ရက်နေ့ ညနေ (၄) နာရီအချိန်က မိုးရွာသွန်း၍ လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ အမိုးလန်ပျက်စီးပြိုကျမှုဖြစ်ပွားခဲ့သည်။

မိုင်းယောင်းမြို့၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

မိုင်းယောင်းမြို့၌ မသန်စွမ်းသူများနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲ ကျင်းပ မိုင်းယောင်း ဧပြီ ၁၁ ဝေဝေခိုင်(ပြန်/ဆက်)

င့ါသရောက်မြို့ မီးသတ်ဦးစီးဌာနမှ သောက်သုံး‌‌ရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ မီးသတ်ဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီအချိန်တွင် အမှတ်(၃) ရွှေတောင်ကုန်းရပ်ကွက်သို့ သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
Subscribe to