ကမာရွတ်မြို့နယ်တွင် ပါဠိပထမပြန်စာမေးပွဲ စာအောင်ဂုဏ်ပြုစူဠဘွဲ့နှင်းသဘင် အခမ်းအနားကျင်းပ
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အမှတ် (၆) ရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ပထမပြန်စာမေးပွဲနှင့် နိကယ်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပခဲ့သည်။