ရန်ကုန် ဧပြီ ၁၀
ရန်ကုန်တိုင်းဒေသကြီး ကမာရွတ်ခရိုင် ကမာရွတ်မြို့နယ်အမှတ် (၆) ရပ်ကွက် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌ ပထမပြန်စာမေးပွဲနှင့် နိကယ်စာမေးပွဲတွင် အောင်မြင်တော်မူသော စာအောင်သံဃာတော်များအား အောင်လက်မှတ်နှင့် အလှူငွေများ ဆပ်ကပ်လှူဒါန်းပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲအချိန်က ကျင်းပခဲ့သည်။
ဦးစွာ နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားကိုဖွင့်လှစ်ပြီး ဥက္ကဋ္ဌ ဆရာတော်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။
ထို့နောက် မြို့နယ်သံဃာနာယအဖွဲဥက္ကဋ္ဌ ပါဠိတက္ကသိုလ်သိရိမင်္ဂလာပျော်ဘွယ်ကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တစိန္တိကထံမှ သြဝါဒကထာနာကြားကြောင်း သိရသည်။
ဆက်လက်၍ ပါဠိပထမပြန်စာမေးပွဲနှင့် နိကာယ်စာမေးပွဲအောင်မြင်တော်မူသည့် စာအောင်သံဃာတော် (၆၅) ပါးတို့အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ စာအောင်လက်မှတ်နှင့် အလှူငွေများဆက်ကပ်လှူဒါန်းခဲ့ပြီး ဗုဒ္ဓသာသနံ စိရံတိဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)