ကျွန်းလှမြို့၌ အဆောက်အအုံစာရင်း ဆက်လက်ကွင်းဆင်းကောက်ယူ

ကျွန်းလှ ဧပြီ ၁၀

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များအတွင်း အဆောက်အအုံစာရင်း  ဆက်လက်ကွင်းဆင်း‌ ကောက်ယူလျက်ရှိကြောင်း လူဝင်မှုကြီးကြပ်ရေး နှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းလှမြို့နယ် ဦးစီးမှူးရုံးမှ သိရသည်။

ကျွန်းလှမြို့နယ်တွင် အဆောက်အအုံစာရင်း ကောက်ယူခြင်းလုပ်ငန်းကို ဧပြီ (၂) ရက်က စတင်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း၊ မြို့ပေါ်လေးရပ်ကွက်၌ ကောက်ကွက်ပေါင်း (၂၆) ကွက် ကောက်ယူမည်ဖြစ်ကြောင်း၊ ယခုအခါ ရပ်ကွက် (၃) ရပ်ကွက် ကောက်ယူပြီးဖြစ်ပြီး ကျန်ရှိသည့် သစ်ရာမြိုင်ရပ်ကွက်တွင် ဆက်လက်ယူလျက်ရှိကြောင်း မြို့နယ်ဦးစီးမှူး ဦးဖြိုးလျှံမြတ်က ပြောကြားသည်။

အဆိုပါ အဆောက်အအုံစာရင်းကောက်ယူခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ကြကြောင်း သိရသည်။

မျိုးဝင်းညို ကျွန်းလှ