ငဖဲမြို့နယ် ပေကုန်းကျေးရွာ ကန်လယ်မင်းကျောင်းတိုက်တွင် အဋ္ဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပေကုန်းကျေးရွာအုပ်စု ကန်လယ်မင်း ကျောင်းတိုက်မှကြီးမှူး၍ ဗုဒ္ဓမြတ်စွာ၏ အဆုံးအမတရားတော်များကို သိရှိလိုက်နာပြီး မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံများကို တန်ဖိုးထားထိန်းသိမ်းစောင့်ရှောက်ရန်၊ ဗုဒ္ဓဘာသာဝင်ရင်သွေးရင်နှစ်တို့အား အခြေခံကိုယ်ကျင့်တရား ကောင်းမွန်စေရန်နှင့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ဧပြီလ ၂ ရက်နေ့မှ ဧပြီလ ၁၁ ရက်နေ့ထိ ဖွင့်လှစ်သင်ကြားပေးခဲ့သည့် အဌမအကြိမ်မြောက် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲအချိန်က အဆိုပါ ကန်လယ်မင်းကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။