မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ဆိုလာရေတင်လုပ်ငန်းစီမံကိန်းများ ပိုမိုထိရောက်အောင်မြင်စေရန် သုံးသပ်ဆွေးနွေးပွဲ ဝမ်းတွင်းမြို့တွင် ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း၊ ခေတ်မီစံပြကျေးရွာ ထူထောင်ရေးစီမံကိန်းနှင့် ဆိုလာရေတင်လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ပိုမိုထိရောက် အောင်မြင်စေရန် မြို့နယ်အဆင့် သုံးသပ်ဆွေးနွေးပွဲကို ယမန်နေ့နံနက်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်း ဆောင်ရွက်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့် ပတ်သက်၍ အသိပညာပေး အကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယနေ့ နံနက် (၉) နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီမြို့နယ် Community Centre ခန်းမအတွင်း အပူဒဏ်အန္တရာယ်ကာကွယ်ရေး ပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမအတွင်း အပူဒဏ်အန္တရာယ်ကြိုတင် ကာကွယ် ရေးအသိပညာပေးဟောပြောပွဲကို ဧပြီလ ၁၁ ရက်နေ့ နံနက် ၉ နာရီအချိန်က ပြုလုပ်ရာ အ-ထ-က(တနင်္သာရီ)၊ အ-မ-က(တပ်ဦး)ကျောင်းတို့မှ ကျောင်းသူ/သား(၂၂)ဦး တက်ရောက်ခဲ့ကြသည်။

ကျောက်တန်းမြို့တွင် စူဠဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့တွင်သာသနာရေး ဦးစီးဌာနမှ ၁၃၈၅-ခုနှစ်၊ (၂၀၂၃)ခုနှစ်က ကျင်းပခဲ့သော ပါဠိပထမပြန်နှင့် နိကာယ်စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာတော် အရှင်မြတ်တို့အား အောင်လက်မှတ်နှင့် စာအောင်ဆု ဆက်ကပ်လှူဒါန်းသည့် စူဠဘွဲ့နှင်း သဘင်အခမ်းအနားကို ကျောက်တန်းမြို့ သာသနာ့ဗိမာန်‌တော်ကြီး၌ ဧပြီလ (၉) ရက်နေ့ နံနက် (၈) နာရီ အချိန် ကကျင်းပပြုလုပ်ခဲ့​သည်။

ခမောက်ကြီးမြို့တွင် မီးဘေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပြီး (191) sticker များ ကပ်ပေး

အလွန်ပူပြင်းသောနွေရာသီအချိန်အခါတွင် မီးလောင်မှုလျော့နည်းစေရန်နှင့် သဘာဝဘေးအန္တရာယ် ဖြစ်ပွားပါက အချိန်နှင့်တစ်ပြေးညီဆက်သွယ်နိုင်ရန် အရေးပေါ်ဖုန်းနံပါတ် 191 ပါရှိသည့် စတေကာများကပ်ခြင်းနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာ‌‌စောင်များ ဖြန့်‌ဝေခြင်းကို တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့တွင် စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှကြီးမှူး၍ စားသုံးသူကာကွယ်ရေးအကြောင်း သိကောင်းစရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ထားဝယ်မြို့၊ တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပသည်။

၁၃၄၈ ခုနှစ် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်       

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော်အား မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်း အစဉ်အလာများနှင့်အညီ ရိုးရာမပျက် စည်ကားသိုက်မြိုက်စွာ  ပြည်သူများ စိတ်နှလုံးချမ်းမြေ့စွာဖြင့် ပျော်ရွှင်စွာ သင်္ကြန်ပွဲတော်တွင် ပါဝင်ဆင်နွှဲနိုင်ရေး ဗဟိုမဏ္ဍပ်နှင့် ပုဂ္ဂလိက ရေကစားမဏ္ဍပ်များ၊ လမ်းလျှောက်သင်္ကြန် မဏ္ဍပ်များ ဆောက်လုပ်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် ရာနှုန်းပြည့်နီးပါး ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

မက်မန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်စပ်လျဉ်း၍ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်စေရန်နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

မိုးညိုမြို့နယ်ရှိ အခြေခံစာတတ်‌မြောက်ရေး စာသင်ဝိုင်းများသို့ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့်ကျေးရွာများ၌ စာမတတ်မြောက်သူများ စာတတ်မြောက်ရေးအတွက် ဧပြီလ ၆ ရက်နေ့မှစတင်ကာ စာသင်ဝိုင်း (၂၁) ဝိုင်းဖွင့်လှစ်၍ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က တာဝန်ရှိသူများက စာသင်ဝိုင်းများသို့ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မော်လမြိုင်မြို့ မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် သံဃာတော် (၁,၅၁၂)ပါးအား ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနား ကျင်းပ

မွန်မင်းလမ်း အပန်းဖြေနားနေစခန်းတွင် ရဟန်းသံဃာ (၁,၅၁၂)ပါး၊ ဆွမ်းကျွေးတရားတော်နာ မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်၊၊ ရှေးဦးစွာ အလှူရှင် ဦးသောင်းထွန်း၊ ဇနီးနန်းရို့စလင်းမိသားစုမှ ပင့်သံဃာရဟန်းနှင့် ရှင်သာမဏေများအား ဆွမ်းကပ်ခဲ့ကြကာ ကြွရောက်ချီးမြှင့်သော သံဃာတော်များမှ အန္တရာယ်ကင်း မေတ္တာသုတ် ပရိတ်တရားတော်များ ချီးမြှင့်ကြပြီး နဝကမ္မဝတ္ထုငွေ ဆက်ကပ်လှူဒါန်းခဲ့ကြသည်၊၊ ဆက်လက်ပြီး ရေစက်ချမင်္ဂလာအခမ်းအနားကို ကျင်းပရာ ရှေးဦးစွာ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်၊ သံဃာတော်များနှင့် ပရိသတ်အပေါင်းတို့က နမောတဿ (၃) ကြိမ်ဘုရားရှိခိုးဖွင့်လှစ်ပြီး မြစေတီရဲကျောင်းဆရာတော် ဘဒ္ဒန္တဝိမလဗုဒ္ဓိ (အဂ္ဂမဟာပဏ္ဍိတ)ထံမှ (၅)ပါးသီလခံယူ ဆောက်တည်ကြသည်၊၊
Subscribe to