ကျောက်တန်းမြို့နယ်၌ မျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားသော နွေစပါးများအား စံကွက်ရိတ်သိမ်း

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်အတွင်း စပါးအထွက်နှုန်းများ တိုးတက်လာစေရန် တောင်သူအသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ စပါးအထွက်နှုန်းတိုးတက်စေရေး တောင်သူအသိပညာပေးလုပ်ငန်းများနှင့် စပါးမျိုးစေ့ချကရိယာဖြင့် စိုက်ပျိုးထားရှိသည့် နွေစပါးများ စံကွက်ရိတ်သိမ်းပွဲကို ကျောက်တန်းမြို့နယ် ညောင်၀ိုင်းကျေးရွာ၊ တောင်သူဦးစန်းလင်း၏ စိုက်ဧက- ၁၀ ဧက စံပြစိုက်ခင်း၌ ကျင်းပပြုလုပ်သည်။

နတ်မောက်မြို့နယ်တွင် ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် ဌာနဆိုင်ရာရုံးများသို့ စာအုပ်၊ စာစောင်များ သွားရောက်ငှားရမ်းပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်စာစောင်များ သွားရောက်ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးနှင့် ရန်အောင်မြင်ရပ်ကွက်သို့ သွားရောက်ငှားရမ်းပေးခဲ့​သည်။

နွေစပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းရိတ်သိမ်းပွဲသန်လျင်၌ ကျင်းပ

သန်လျင်ခရိုင်၊ သန်လျင်မြို့နယ် ဘယက်ကျေးရွာတွင် တောင်သူဦးစံသိန်း၏ လယ်မြေ၌ စပါးမျိုးစေ့ချကိရိယာ (SEEDER) ဖြင့် စိုက်ပျိုးထားသော စံပြစိုက်ခင်းရိတ်သိမ်းပွဲကို ယနေ့နံနက်တွင် အဆိုပါလယ်မြေ၌ ကျင်းပသည်။

ကလေးမြို့နယ်တွင် ကလေးငယ်များအား ကာကွယ်ဆေးများထိုးနှံပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အသက်နှစ်လအရွယ်မှ တစ်နှစ်ခွဲအရွယ် အထိ ကလေးငယ်များအား ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခြင်းများကို မြို့နယ်စုပေါင်းရုံးတွင် နံနက် ၉ နာရီမှ စတင်၍ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရ သည်။

မိုင်းပန်မြို့နယ်၌ (၄၅)ကြိမ်မြောက် နှစ်ပတ်လည် နန်းယီဆိုင်ကော် ရေစက်ချတရားပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ နှစ်စဉ်နှစ်တိုင်း ကျင်းပမြဲဖြစ်သော နှစ်ပတ်လည် နန်းယီဆိုင်ကော် ရေစက်ချတရားပွဲကို နန်းယီဆိုင်ကော်ဘုန်းတော်ကြီးကျောင်း၌ ယနေ့နံနက် ၇ နာရီအချိန်က (၄၅)ကြိမ်မြောက် နန်းယီဆိုင်ကော်ရေစက်ချတရားပွဲ ကျင်းပခဲ့သည်။

မြို့သစ်မြို့၌ မြို့သန့်ရှင်းသာယာလှပစေရေး ပန်းအလှပင်များစိုက်ပျိုး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ မြို့အင်္ဂါရပ်နှင့်အညီ လှပစေရန်အတွက် ပန်းအလှပင်များ စိုက်ပျိုးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ၏ ဦး ဆောင်ကြီးကြပ်မှုဖြင့်အဖွဲ့ဝန်ထမ်းများက ဆောင်ရွက်ခဲ့သည်။

အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေး

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် အုတ်တွင်းမြို့နယ် အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

နတ်မောက်မြို့နယ် ကြူအိုင်ကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ ဒသမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက ကြူအိုင်ကျေးရွာ ရွာဦးဘုန်းကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးဝင်းနိုင်ဦးက မြစိမ်းရောင် ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများ၊ စီမံကိန်းအကြောင်းအရာများ ရှင်းလင်းပြောကြားသည်။

လက်ပံတန်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြလေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဟောပြောပွဲနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့မစျေးဝန်းအတွင်း၌ ပြုလုပ်ခဲ့သည်။

သရက်မြို့၌ ခရိုင်မိခင်နှင့်က‌လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့်အဖွဲ့ မုံဇလီကျေးရွာရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းအား ကြည့်ရှုအားပေး

မကွေးတိုင်းဒေသကြီး သရက်မြို့နယ် မုံဇလီကျေးရွာရှိ အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာပြီးဆုံးသည်ထိ မသင်ကြားခဲ့ရသူ(၁၅)ဦးအား ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ယမန်နေ့နံနက် ၈ နာရီတွင် သွားရောက်ကြည့်ရှုအားပေးပြီး ဗလာစာအုပ်နှင့် ခဲတံများ‌ ထောက်ပံ့ပေးခဲ့သည်။
Subscribe to