ရေတာရှည် ဧပြီ ၁၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ရေတာရှည်မြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုပြီးမြောက်သည့် သံဃာတော်အပါး ၈၅ ပါးအား ယနေ့နံနက် ၈ နာရီအချိန်က ကျန်းမာရေးစောင့်ရှောက်မှုများကို အခမဲ့ဆောင်ရွက်ပေးကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ဆရာတော်သံဃာတော်အပါး ၈၅ ပါးအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဥ်းရောဂါ၊ နာတာရှည်ရောဂါများအား စစ်ဆေးဆောင်ရွက်ပေးပြီး လိုအပ်သော ဆေးဝါးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)