တပ်ကုန်းမြို့၌ ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပ

တပ်ကုန်း ဧပြီ ၁၀

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပုံပြော၊ ကဗျာရွတ်နှင့်စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ယနေ့နံနက်ပိုင်းက အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။ 

ပြိုင်ပွဲများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်က ပြိုင်ပွဲများ ကျင်းပရခြင်းရည်ရွယ်ချက်များ  ရှင်းလင်းပြောကြား​ပြီးနောက် ပုံပြော၊ ကဗျာရွတ်နှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပရာ အောင်ဇေယျရပ်ကွက်၊ Teacher Nyo ကိုယ်ပိုင် မူကြိုကျောင်းမှ ကျောင်းသား၊ ကျောင်းသူပေါင်း ၃၀ ဦးတို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင့်တင့်ခိုင်၊ မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကြည် (မောင်ကြည်မူ-ပျဉ်းမနား)၊ အဖွဲ့ဝင် ဒေါ်သင်းသင်းလှိုင်(သင်းသင်းလှိုင်-တပ်ကုန်း) နှင့်တာဝန်ရှိသူများက ဆုတံဆိပ်များပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရပြီး၊ တက်ရောက်လာသည့် အမှတ်ပေးဒိုင်များ၊ ကျောင်းသားမိဘများအား ကျောင်းသားကလေးငယ်များက သင်္ကြန်သီချင်း များ၊ အကများဖြင့် ဧည့်ခံဖျော်ဖြေပေးခဲ့ကြသည်။ 

အဆိုပါပြိုင်ပွဲများအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော လူကုန်ကူးမှုအန္တရာယ်၊ မူးယစ်ဆေးဝါးအန္တရာယ်၊ အပူဒဏ်ကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ စာအုပ်စာစောင်များအား တက်ရောက်သူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။

တင်စိုးလွင်