လယ်ဝေး ဧပြီ ၁၀
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ် (၈) မြို့နယ်တွင် ၂၀၂၄ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးအတွက် ဧပြီ ၆ ရက်နေ့မှ စတင်၍ စာသင်ဝိုင်းများဖြင့် သင်ကြားပို့ချလျက်ရှိသည်။
အဆိုပါစာသင်ဝိုင်းများဖြင့် ကျေးလက်နေပြည်သူများအားနှင့် တိုင်ရင်းသားပြည်သူများ စာတတ်မြောက်ရေး သင်ကြားပို့ချနေမှုကို ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် သက်ဆိုင်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ်အတွင်းရှိ အမှတ်(၁) ရပ်ကွက်၊ အ.မ.က (အင်တိုင်းသာ) ကျောင်း၊ အမှတ် (၅) ရပ်ကွက်၊ စည်းလုံးညီညွတ်မှုဓမ္မာရုံနှင့် ဒက္ခိဏသီရိမြို့နယ်၊ ချိုင်းကျေးရွာအုပ်စု၊ မဲဒီးကျေးရွာ SMU ခန်းမစသည့် နေရာများသို့ သွားရောက်၍ စာသင်ကြားပို့ချနေမှုအခြေအနေများအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို တာဝန်ရှိသူများ မှာကြားသည်။
ပြည်ထောင်စုနယ်မြေ ၊နေပြည်တော်အတွင်း အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းများကို ဧပြီလ ၆ ရက်နေ့မှ စ၍ မေလ ၁၅ ရက်နေ့အထိ မြို့နယ်(၈) မြို့နယ်အတွင်း စာသင်သား ၁၉၅၈ ဦးကို စာသင်ဝိုင်းပေါင်း ၁၃၆ ဝိုင်း စုဖွဲ့၍ စေတနာလုပ်အားပေး နည်းပြ/ကြီးကြပ်ပေါင်း ၁၇၉ ဦးတို့က ၁ ရက် ပျမ်းမျှ ၃ နာရီ၊ နာရီအားဖြင့် ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာစာတတ်မြောက်ရေး သင်ကြားခြင်းနှင့်အတူ လူမှုဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ဝေကြည်(ပြန်/ဆက်)