ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲပြုလုပ်

ပေါင် ဧပြီ ၁၀

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ၂၀၂၃ ခုနှစ်၊ ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုအောင်မြင်တော်မူကြသည့် စာအောင်သံဃာတော်များအား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများဆက်ကပ်၍ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို ယမန်နေနံနက်ပိုင်းက ကဒါရပ်ကွက် သာသနာ့ဗိမာန်တော်ကြီး၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော်ထံမှ ရှစ်ပါးသီလခံယူဆောက်တည်ကြသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထင်လင်းက သာသနာရေးဆိုင်ရာများကို လျှောက်ထားတင်ပြပြီးစာအောင် သံဃာတော် (၆၅) ပါးနှင့် သီလရှင် (၄) ပါး စုစုပေါင်း (၆၉) ပါးတို့အား လှူဖွယ်ဝတ္ထု အစုစုတို့နှင့်အတူ အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းခဲ့ပြီး သံဃာတော်အရှင်သူမြတ်တို့နှင့် စာအောင်သံဃာတော်တို့အား တက်ရောက်လာကြသည့်ဌာနဆိုင်ရာများက ဆွမ်းဆန်စိမ်းများလောင်းလှူခဲ့ကြောင်း သိရသည်။

မွန်မလေး(ပြန်/ဆက်)