မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေး စာသင်ဝိုင်းသို့ လိုက်လံကြည့်ရှုအားပေးပြီး စာရေးကိရိယာနှင့် အလှူငွေများထောက်ပံ့

မြစ်သား    ဧပြီ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းသို့  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ  စာရေးကိရိယာနှင့် အလှူငွေထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်က ဘူတာရပ်ကွက် ဓမ္မာရုံတွင်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ  စာတတ်မြောက်ရေးစာသင်ဝိုင်းကို  ဒေသခံပြည်သူများအတွက် အကြောင်းအမျိုးမျိုးကြောင့် မူလတန်းပညာကို  ပြီးဆုံးအောင်မသင်ကြားနိုင်သည့်  ပြည်သူများလူမှုဘဝမြင့်မားလာစေပြီး စာတတ်မြောက်စေရန် ယနေ့ခတ်သည် ပညာခတ်နှင့်အညီ   ပြည်သူများ၏ပညာရည်မြင့်မားရေးကို ဦးစာပေးဆောင်ရွက်ခြင်း ဖြစ်ရာဘူတာရပ်ကွက် ဓမ္မာရုံအတွင်းရှိ အခြေခံစာတတ်မြောက်ရေးစာသင်ဝိုင်းသို့ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့မှ စာသင်ကြားလျက်ရှိသော စာသင်သားများအား စာရေးကိရိယာနှင့် အလှူငွေများထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

ဝါဝါမြင့်(မြစ်သား)