ငပုတောမြို့နယ်အတွင်းရှိ ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအား အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်လှစ်သင်ကြား

ငပုတော ဧပြီ ၁၂

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင် ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်စေရေးအတွက် အခြေခံ စာတတ်မြောက်ရေးလုပ်ငန်းကို ဧပြီလ ၈ ရက်နေ့မှ စတင်၍ ငပုတောမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်(၄)ခုနှင့် ကျေးရွာအုပ်စုများတွင် ဖွင့်လှစ်သင်ကြား‌ပေးခဲ့သည်။

အဆိုပါ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို အခြေခံစာတတ်မြောက်ရေးလုပ်ငန်း မြို့နယ်အဆင့် နည်းပြ(ဆင့်ပွား)သင်တန်း တက်ရောက်ထားသူ ဆရာ/ဆရာမများမှ အနီးကပ်ကြီးကြပ်၍ သင်ကြားပြသပေးလျက်ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ငယ်စဉ်က မူလတန်းပညာကို ပြီးဆုံး အောင် မသင်ကြားခဲ့ရသူများ၊ ကျောင်းမနေခဲ့ရသူများနှင့် ကျေးလက်ဒေသနေပြည်သူများ၊ တိုင်းရင်သားပြည်သူများ စာတတ်မြောက်ရန်၊ စာမတတ်သူပပျောက်အောင် အမျိုးသားရေး တာဝန်တစ်ရပ်အနေဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး အခြေခံစာတတ်မြောက်ရေးလုပ်ငန်းကို (၈.၄.၂၀၂၄) ရက်နေ့မှ (၁၆.၅.၂၀၂၄) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး တက်ရောက်လာသူများ သင်ကြားသင်ယူမှုအဆင်ပြေစေရေး ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များမှ လည်း ဝိုင်းဝန်းပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)