ကလေး ဧပြီ ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် တိုင်းဒေသကြီးအစိုးရ၏ လမ်းညွှန်မှုဖြင့် ကွန်ပျုတာအခြေခံတန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကလေးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ကွန်ပျူတာသင်တန်းကြီးကြပ်ရေးအဖွဲ့၊ ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က သင်တန်း ဖွင့်လှစ်ကျင်းပခြင်း၏ ရည်ရွယ်ချက်များ၊ ဆက်လက်ဖွင့်လှစ်သွားမည့်အခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ကွန်ပျူတာသင်တန်း ကြီးကြပ်ရေးအဖွဲ့ တာဝန်ရှိသူ များက သင်တန်း ဆရာ၊ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများကို ဂုဏ်ပြုမှတ်တမ်းနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။
အဆိုပါသင်တန်းကို မတ်လ ၁၈ ရက်နေ့မှ ဧပြီလ ၁၂ ရက်နေ့အထိ နံနက် ၁၀ နာရီမှ ၁၂ နာရီ အတွင်း သင်တန်းသား၊ သင်တန်းသူ ၁၀ ဦးကို လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)