ဘားအံမြို့တွင် မဟာသင်္ကြန်ပွဲတော် ယိမ်းအကနှင့် တပင်တိုင်အကပြိုင်ပွဲ ဖွင့်လှစ်

ကရင်ပြည်နယ်၏ မြို့တော်ဘားအံမြို့တွင် မြန်မာသက္ကရာဇ်(၁၃၈၅)ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ရာ ဧပြီလ ၁၁ ရက်နေ့ ညနေ ၆ နာရီခန့်က ယိမ်းအကနှင့် တစ်ပင်တိုင်အကပြိုင်ပွဲဖွင့်ပွဲကို ဘားအံမြို့၊ အမှတ်(၄)ရပ်ကွက်၊ သီရိကွင်းရှိ ဗဟိုမဏ္ဍပ်၌ကျင်းပရာ ယိမ်းအဖွဲ့ ၂၆ ဖွဲ့၊ တစ်ပင်တိုင်အက ၁၂ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်ကြောင်း သိရသည်။

အခြေခံကွန်ပျူတာသင်တန်း အမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထောက်ပံ့မှု၊ ကသာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကသာခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် ကွန်ပျူတာအခြေခံသင်တန်းအမှတ်စဉ် (၂/၂၀၂၄) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက် (၁၁) နာရီအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်းအောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး စီမံကိန်းတာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ တက်ရောက်ကြပြီး တိုင်းဒေသကြီးအတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကလေးခရိုင်၊ ကသာခရိုင်၊ စစ်ကိုင်းခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ ဟုမ္မလင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများမှ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည်။

စဉ့်ကူးမြို့ လူထုအခြေပြုဗဟိုဌာနတွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ (၃) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ပေါင်းတည်မြို့၌ စျေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့နံနက် ၁၀ နာရီက စျေးများအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့သစ်မြို့နယ် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါများ စမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့ဆေးကုသပေးခြင်းတို့ကို ဧပြီလ ၁၁ ရက်နေ့ နံနက် (၁၀)နာရီက မြို့သစ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံဝင်းအတွင်း "စိတ္တသုခဓမ္မာရုံ"၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကူးမြို့၌ ယာယီနေရပ်စွန့်ခွာသူပြည်သူများအား ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ငွေနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဧပြီလ ၁၁ ရက်နေ့ မွန်းလွဲ (၂) နာရီခွဲအချိန်က ကျင်းပခဲ့သည်။

ပိုင်ကျုံမြို့ရှိ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်များ ထောက်ပံ့ပေး

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့အတွင်းရှိ ကျေးရွာများသို့ ယာယီနေရပ်စွန့်ခွာနေရသည့် ပြည်သူများအား ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ပေးအပ်သော ဆန်အိတ်များကို ဧပြီလ ၁၁ ရက်နေ့က  ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၄) ဆင်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ကျောင်းသားကျောင်းသူများ နွေရာသီ ကျောင်းပိတ်ရက်တွင် အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရန်နှင့် ကွန်ပျူတာအခြေခံပညာရပ်များကို ကျွမ်းကျင်တက်မြောက်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော အခြေခံကွန်ပျူတာသင်တန်း (၂/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်ဆင့်ရှင်းလင်းပွဲကို ဧပြီလ ၁၁ ရက်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။
Subscribe to