စစ်ကိုင်း ဧပြီ ၁၂
အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေဖြင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ ဝယ်ယူခဲ့သည့်အရန်ဆန်အိတ်များအနက် စစ်ကိုင်းခရိုင်အတွင်းရှိ ယာယီတိုက်ပွဲရှောင် နေရပ် စွန့်ခွာသူများအား ဆန်ရိက္ခာဆက်လက်ထောက်ပံ့ပေးအပ်ခြင်းကို ဧပြီ(၁၂)ရက်၊ နံနက်(၉)နာရီက စ၍ ပါရမီ၊ ပတ္တမြား၊ ရွာထောင် ရပ်ကွက်များတွင် ပေးအပ်ခဲ့သည်။
ရိက္ခာဆန်များပေးအပ်ရာတွင် ဆန်လက်ခံဖြန့်ဖြူးရေးအဖွဲ့ဝင်များက တစ်ဦးချင်းအလိုက် ဝန်ထမ်းမှတ်ပုံတင်စိစစ်ရေး၊ နိုင်ငံသားမှတ်ပုံတင်စိစစ်ရေးကဒ်များဖြင့် တိုက်ဆိုင်စစ်ဆေးမှတ်တမ်းတင်ခြင်း၊ ဖြန့်ဝေပြီးစီးမှုအခြေအနေများအား စာရင်းရှိ၊ ထုတ်ပေးပြီးစီးမှု၊ လက်ကျန်စာရင်းရေးဆွဲ၍ စနစ်တကျဆောင်ရွက်ပေးခဲ့ကြသည်။
ယနေ့ရိက္ခာဆန်ထောက်ပံ့ပေးအပ်ရာတွင် ပါရမီရပ်ကွက်တွင် အိမ်ထောင်စု(၁၁၂)စု၊ လူဦးရေ (၃၅၇)ဦး၊ ပတ္တမြားရပ်ကွက်တွင် အိမ်ထောင်စု(၂၈)စု၊ လူဦးရေ (၁၀၁)ဦး၊ ရွာထောင် ရပ်ကွက်တွင် အိမ်ထောင်စု(၈၅)စု၊ လူဦးရေ (၃၄၁) ဦးတို့အား တတိယအသုတ်အဖြစ် ဆန်ရိက္ခာများ ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင် (ပြန်/ဆက်)