နမ့်စန်မြို့နယ်တွင် လူရည်ချွန်မောင်မယ်များအား ဂုဏ်ပြုကြိုဆို

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်မှ ၂၀၂၃-၂၄ ပညာသင်နှစ်၏ ထူးချွန်ထက်မြက်သည့် လူရည်ချွန်ကျောင်းသား ကျောင်းသူများသည် လူရည်ချွန်လေ့လာရေး အပန်းဖြေစခန်းများသို့ သွားရောက်ခဲ့ကြပြီး ယနေ့နံနက် ၇ နာရီခွဲတွင် နမ့်စန်မြို့သို့ ပြန်လည်ရောက်ရှိလာရာ နမ့်စန်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မိုးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ပညာရေးဌာနမှ တာဝန်ရှိသူများ၊ ဘင်ခရာတပ်ဖွဲ့များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား ကျောင်းသူများနှင့် ကျောင်းသားမိဘများက မြို့လယ်ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ နာရီစင်အနီးတွင် စုပေါင်း၍ ပန်းစည်း၊ ပန်းကုံးများဖြင့် ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆိပ်ကြီးခနောင်တိုမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မြို့နယ်နေပြည်သူများအား သောက်သုံးရေများဖြန့်ဝေပေး

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရေသန့်ဌာနမှ မြို့နယ်အတွင်းသောက်သုံးရေများ လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။

ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံအင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာတတ်မြောက်စေရန် ရည်ရွယ်ပြီး အခြေခံအင်္ဂလိပ်စာ အခမဲ့သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။

နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့မပျိုးဥယျာဉ်တွင် ပျိုးပင်ပေါင်း(၈၈၀၀၀)ကျော် ပျိုးထောင်ထားရှိ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် သစ်တောဦးစီးဌာနမှ မြို့သစ်-နတ်မောက် ကားလမ်းဘေး မိုင်တိုင်အမှတ်(၂၇)အနီးရှိ မြို့နယ်သစ်တောဦးစီးဌာနက ပျိုးထောင်ထားသည့် မြို့မပျိုးဥယျာဉ်အတွင်း ပျိုးပင်ပေါင်း (၈၈၀၀၀)ကျော် ပျိုးထောင်ထားရှိကြောင်း သိရသည်။

သရက်မြို့ပေါ်ရပ်ကွက်များသို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးရပ်ကွက်၊ မြို့မဈေးကြီး၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်တန်းမြို့နယ်၊ ဝင်းကြီးကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဍ)မှ အတိုးရငွေဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဝင်းကြီးကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဍ)မှ ကျေးရွာကွန်ကရစ်လမ်းခြင်းလုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများလွှဲပြောင်းပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။

နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်း ဆက်လက်သင်ကြား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် သဖန်းကိုင်းပရဟိတအသင်းမှ ကျောင်းသား၊ ကျောင်းသူလူငယ်များ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အတတ်ပညာတစ်ခုကို သင်ကြားတတ်မြောက်ထားမှုရှိစေရန် ရည်ရွယ်၍ နွေရာသီ(အခမဲ့) ကွန်ပျူတာသင်တန်းကို မတ်လ ၂၂ ရက်နေ့မှ သဖန်းကိုင်းပရဟိတ ကွန်ပျူတာသင်တန်းခန်းမတွင် စတင်ဖွင့်လှစ်ကာ ဆက်လက်သင်ကြားလျက်ရှိကြောင်း၊ သင်တန်းတက်ရောက်မှုအပေါ် ဆန်းစစ်ချက်ကို ၁၅ ရက်တစ်ကြိမ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေနှင့် ပစ္စည်းများ‌ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ မေ ၅ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ် (၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ် (၆၃) လုံး အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်ခြင်းကို ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာ၊ မူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ (၅၃)ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၃)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to