ရွှေတောင်မြို့နယ်တွင် လေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေနှင့် ပစ္စည်းများ‌ပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ မေ ၅ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ် (၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ် (၆၃) လုံး အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်ခြင်းကို ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာ၊ မူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သရက်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ်လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေး မြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်ပြည်သူများအား ပလတ်စတစ်ကြွတ်ကြွတ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များအသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campaign နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက်(၈:၃၀)နာရီက မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

သီပေါမြို့ သီတဂူစက္ခုဒါန ဆေးရုံတော်ကြီး၌ (၅၃)ကြိမ်မြောက် အခမဲ့ မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းများ ဆက်လက်ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင် (၅၃)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသခြင်းကို ၂၀၂၃ ခုနှစ်၊ မေလ(၅)ရက်နေ့ကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ခွဲစိတ်ကုသပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

စလင်းမြို့နယ်၌ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအတွက် ကြာဖက်၊ ငှက်ပျောဖက်များ ဖြန့်ဝေခြင်း၊ အသိပညာပေးခြင်းနှင့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရေး တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြို့မစည်ပင်သာယာစျေးကြီး အတွင်း၊ အပြင် ရောင်းချလျက်ရှိသည့် စျေးသည်/စျေးဝယ်သူများ သဘာဝပတ်ဝန်းကျင်ထိခိုက်မှု လျော့နည်းသက်သာစေရေး၊ ပလတ်စတစ်သုံးစွဲမှုလျှော့ချသုံးစွဲစေရန်နှင့် အသားငါးစျေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးအတွက် တာဝန်ရှိသူများက ယနေ့နံနက်(၈)နာရီအချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

သီပေါမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်ငှားရမ်းပေးခြင်း ဆောင်ရွက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်များသို့ စာဖတ်ရှိန်မြှင့်တင်နိုင်ရေးအတွက် မိုဘိုင်းစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယမန်နေ့နံနက်(၉)နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်အခဲရှိသည့် ကျေးရွာများသို့ သောက်သုံးရေလှူဒါန်း

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ နွေရာသီသောက်သုံးရေ အခက်ခဲရှိသည့် ရွာသစ်ကျေးရွာနှင့် လယ်ကျိုးကျေးရွာတို့အား ယနေ့နံနက် ၈ နာရီအချိန်က ကျေးရွာအရောက် ရေဂါလန်(၁၆၀၀)နှင့် ရေစည်(၄)စည်တို့ကို လှူဒါန်းသည်။

မောက်မယ်မြို့နယ်၌ ရာသီစာခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်ရှိ ကျေးလက်နေဒေသခံပြည်သူများသည် မိမိတို့၏ ယာမြေဥယျာဉ်ခြံများတွင် မြေအောက်ရေနှင့် ချောင်းရေသွင်းခြင်းဖြင့် တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေးလုပ်ကိုင်သူများရှိသလို လုပ်ခနေ့စား မိသားစုများအနေဖြင့် အရင်းအနှီးမလိုသည့် အနီးအနားပတ်ဝန်းကျင်တစ်ဝိုက် ကျေးရွာများမှ သဘာဝရာသီပေါ် သစ်သီး၊ သစ်ဥ၊ သစ်ဖု၊ အသီးအရွက်များ ရှာဖွေခူးဆွတ်ရောင်းချ လုပ်ကိုင်စားသောက်နေသည့် ပြည်သူများ ရာသီစာများ ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး တစ်ဖက်တစ်လမ်းမှ ဝင်ငွေရှာဖွေပေးနေကြကြောင်း သိရသည်။

ရန်ကုန်အရှေ့ပိုင်းခရိုင် လူထုအခြေပြုဗဟိုဌာန၌ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လူထုအခြေပြုဗဟိုဌာန( Community Centre)၌ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးတည်းဖြတ်နည်းသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နေ့လည် ၁ နာရီကကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်အရှေ့ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ‌ဒေါ်လှလှနွယ်နှင့် သင်တန်းနည်းပြဆရာများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre Lashio)တွင် ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်းဆင်းပွဲ ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ကြီးမှူးဖွင့်လှစ်သည့် ပန်းအလှပြင်၊ ပန်းအလှဆင်သင်တန်း (၁/၂၀၂၄) ဆင်းပွဲအခမ်းအနားကို ယမန်နေ့ညနေ(၄)နာရီက Community Centre ရှိ ဘက်စုံသုံးခန်းမတွင် ကျင်းပသည်။

လားရှိုးမြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်းတွင် အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲကျင်းပ

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း(လားရှိုး)တွင် ယမန်နေ့နံနက် ၉ နာရီက အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၇) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
Subscribe to