သရက်မြို့ပေါ်ရပ်ကွက်များသို့ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

သရက် မေ ၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ယမန်နေ့နံနက်(၇)နာရီက မြို့ပေါ်ရပ်ကွက်များအတွင်းရှိ ဈေးရပ်ကွက်၊ မြို့မဈေးကြီး၊ တောင်မင်းတည်းရပ်ကွက်နှင့် မြောက်မင်းတည်းရပ်ကွက်တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ လိုက်လန်နှိုးဆော်ဆောင်ရွက်ရာတွင် ခရိုင်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်မြထွေးနှင့် ဝန်ထမ်းများက လေပြင်းဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ကြိုတင်သတိပြုကာကွယ်နိုင်ရန် သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးမှု လျော့နည်းစေရန် သတိပြု၍ ရှောင်ရှားသင့်သည့် အပြုအမူများ သိရှိနိုင်စေရန်နှင့် လေပြင်းဘေးကြိုတင်ကာကွယ်ရေးနှင့် တုံ့ပြန်နိုင်ရေးအသိပေးချက်များကို ပြည်သူများ သိရှိလိုက်နာ ဆောင်ရွက်တက်စေရန် လှည့်လည်အသိပညာပေး ဆောင်ရွက်ခဲ့ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)