ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန် အသံချဲ့စက်ဖြင့် သတိပေးနှိုးဆော်

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းတွင် ထားဝယ်မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အသံချဲ့ စက်ဖြင့် သတိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဇေယျာသီရိမြို့နယ် စည်ပင်သာယာကျေးလက်ကျန်းမာရေးဌာန၌ ဧပြီလအတွင်း ပြည်သူ ၁၄၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၊ ကျည်တောင်ကျေးရွာအုပ်စု၊ စည်ပင်သာယာ ကျေးလက်ကျန်းမာရေးဌာနတွင် ဧပြီလအတွင်း စုစုပေါင်း ပြည်သူ ၁၄၄ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။

မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနား ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ ဒေသန္တရစီမံကိန်း တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

မိုးညိုမြို့နယ်၊ မှက္ကတန်‌ကျေးရွာ၌ သဘာဝဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်

လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မိုးညိုမြို့နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ သဘာဝဘေးအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၇ နာရီခွဲက ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်၊ သာယာကုန်းအုပ်စု၊ မှက္ကတန်ကျေးရွာတွင်ပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ထားဝယ်ခရိုင် လူထုအခြေပြုဗဟိုဌာန၌ အဏ္ဏဝါပတ်ဝန်းကျင်ညစ်ညမ်းခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍ အဏ္ဏဝါပတ်ဝန်းကျင် ညစ်ညမ်းခြင်းအကြောင်း အသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ခရိုင်လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ ၂၀၂၄ ခုနှစ် ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးရက် သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကျင်းပ

၂၀၂၄-ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ် အခမ်းအနားကို မေလ ၆ ရက်နေ့၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးဝန်းအတွင်းရှိ ချင်းတွင်းခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးတရားသူကြီးချုပ် ဦးဇော်ထူး၊ တိုင်းဒေသကြီးလုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးငယ်များနှင့်မိခင်များ တက်ရောက်ကြသည်။

ဂုဏဝိသိဋ္ဌပူဇာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ပညာဓမ္မဗိမာန်)တော်ဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကျင်းပ

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိကဘွဲ့တော် ဆက်ကပ်လှူဒါန်းခဲ့သည့် နိုင်ငံတော်ဩဝါဒါစရိယ ပုသိမ်မြို့၊ နိဂြောဓာရုံညောင်ပင်သာ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဝိဿုတ အရှင်သူမြတ်အား ဂုဏဝိသိဋ္ဌပူဇာနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ပညာဓမ္မဗိမာန်) ဖွင့်ပွဲ ရေစက်ချအလှူတော်မင်္ဂလာ အခမ်းအနားကို မေလ ၅ ရက်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ နိဂြောဓာရုံ ညောင်ပင်သာပရိယတ္တိ စာသင်တိုက်ဝန်းအတွင်းရှိ အဆိုပါ ကျောင်းရှေ့တွင်ကျင်းပခဲ့သည်။

ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာ၌ မိုးစပါးရေတော်မိုးတော် စိုက်ဧရိယာတွင် သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲနှင့် ကြဲပက်ပွဲအခမ်းအနား ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် သက္ကာယ်ချောင်းကျေးရွာ၌ မိုးစပါးရေတော်မိုးတော်စိုက်ဧရိယာတွင် သစ်စိမ်းမြေဇာ (ပိုက်ဆံလျှော်) ပေးအပ်ပွဲအခမ်းအနားနှင့် ကြဲပက်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက သက္ကာယ်ချောင်းကျေးရွာ ကွင်းအမှတ် (၁၃၆၆) (ဘီ) ဦးပိုင်အမှတ် (၃၁/၄) တောင်သူ ဦးမောင်မောင်စိုး၏ လယ်မြေ (၅.၀၀) ဧက တွင် ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူ၊ အတွင်းရေးမှူး ဦးထွန်းမျိုးသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ဝင်းနှင့် ဝန်ထမ်းများ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

ဒေးဒရဲမြို့ နယ်၌ ပန်းခင်းစီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန့်နေ့ မွန်းလွဲပိုင်းက ရှမ်းကန်ကျေးရွာအုပ်စုသို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ / တိုက်ကျွေးရေးရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ချီးမြှင့်

၂၀၂၄ ခုနှစ်၊ ကမ္ဘာ့ကာကွယ်ဆေးထိုးနှံ/တိုက်ကျွေးရေး ရက်သတ္တပတ် အထိမ်းအမှတ်အခမ်းအနားကို မေလ ၆ ရက် နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရမဟုတ်သော အသင်းအဖွဲ့များမှ တာဝန်ရှိသူများနှင့် ကာကွယ်ဆေးထိုးနှံမည့် ကလေးများနှင့် ၎င်းတို့၏မိဘများ တက်ရောက်ကြသည်။
Subscribe to