ကျောက်တန်းမြို့နယ်၊ ဝင်းကြီးကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဍ)မှ အတိုးရငွေဖြင့် ကျေးရွာကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းပြီးစီး၍ စာရွက်စာတမ်းများလွှဲပြောင်းပေးအပ်

ကျောက်တန်း  မေ ၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၊ ဝင်းကြီးကျေးရွာ၌ မြစိမ်းရောင်(ငါးကဏ္ဍ)မှ ကျေးရွာကွန်ကရစ်လမ်းခြင်းလုပ်ငန်းပြီးစီး၍  စာရွက်စာတမ်းများလွှဲပြောင်းပေးခြင်းအခမ်းအနားကို  ယမန်နေ့နံနက် ၁၀ နာရီက အဆိုပါကျေးရွာ၌  ကျင်းပပြုလုပ်ခဲ့သည်။

ယင်းအခမ်းအနားကို ကျောက်တန်းမြို့နယ်၊ ငါးလုပ်ငန်းဦးစီးဌာန ဦးစီးအရာရှိ ဦးခင်၀င်းနှင့်တာ၀န်ရှိသူများ၊ ဝင်းကြီးကျေးရွာ၊ မြစိမ်းရောင်(ငါးကဏ္ဍ)ကော်မတီအဖွဲ့တာ၀န်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ ကျေးရွာလမ်းအရှည်မှာ(၄၀၀'x ၁၀'x ၈'') ဖြစ်ပြီး မြစိမ်းရောင်စီမံကိန်အတိုးရငွေမှ ငွေကျပ်သိန်း (၁၅၀) ဖြင့်ခင်းခဲ့ရာ ကျေးရွာသူကျေးရွာသားများအတွက် လမ်းပန်းဆက်သွယ်ရေးကဏ္ဍ တိုးတက်ကောင်းမွန်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နေလင်းကျော် (ပြန်ဆက်)