ရွှေတောင် မေ ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၌ မေ ၅ ရက်နေ့ ညနေပိုင်းက ရုတ်တရက်လေပြင်းတိုက်ခတ်ပြီးမိုးရွာသွန်းမှုကြောင့် လူနေအိမ် (၅) လုံး ပြိုကျခဲ့ပြီး လူနေအိမ် (၆၃) လုံး အမိုးလန်ပျက်စီးခဲ့သည့် လေဘေးသင့်ပြည်သူများအားထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်ခြင်းကို ကျီးသဲကျေးရွာအုပ်စု၊ ညောင်လှကျေးရွာ၊ မူလတန်းကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လေဘေးသင့်အိမ်ထောင်စုများအား ပြည်ခရိုင် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့်အဖွဲ့ဝင်များ၊ ပြည်ခရိုင် ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်တင်တင်ချိုနှင့်ဝန်ထမ်းများ၊ ရွှေတောင်မြို့နယ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကျေးရွာအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များပူးပေါင်း၍ ရွှေတောင်မြို့နယ်အတွင်းရှိ ကျီးသဲကျေးရွာအုပ်စု၊ သရက်သုံးပင်ကျေးရွာအုပ်စု၊ တံပူစားကျေးရွာအုပ်စု ပြိုကျလူနေအိမ် (၅) လုံးနှင့် အမိုးလန်လူနေအိမ် (၆၃) လုံးတို့အား ပြည်ခရိုင်ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနမှ အိမ်ဆောက်ပစ္စည်းဖိုးနှင့်ဆန်ရိက္ခာဖိုး စုစုပေါင်းထောက်ပံ့ငွေ (၃၈၀၂၁၀၀/-)ကျပ် ပေးအပ်ထောက်ပံ့ခဲ့ပြီး ပြိုကျနေအိမ် ( ၅)လုံးအတွက် တစ်အိမ်လျှင်ပစ္စည်း (၁၆) မျိုးပါပုံး(၁)ပုံးစီတို့အား လေဘေးသင့်ပြည်သူများ၏ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ် ပြန်/ဆက်