ဆိပ်ကြီးခနောင်တို မေ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်း နွေရာသီကာလ သောက်သုံးရေရှားပါးမှုမဖြစ်ပေါ်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏လမ်းညွှန်မှုဖြင့် ယမန်နေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရေသန့်ဌာနမှ မြို့နယ်အတွင်းသောက်သုံးရေများ လိုက်လံဖြန့်ဝေပေးလျက်ရှိသည်။
ထိုသို့ လိုက်လံဖြန့်ဝေပေးရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရေသန့်ဌာနမှ တာဝန်ခံဦးထွန်းမင်းထိုက်မှကြီးကြပ်၍ ဝန်ထမ်းများကရေဂါလံ ၁၂၀၀ ဆံ့ကားဖြင့်ဆိပ်ကြီးအနောက်ရပ်ကွက် စက်ဆန်းလမ်းရှိအိမ်ထောင်စုများအား သောက်သုံးရေများလိုက်လံဖြန့်ဝေပေးလျက်ရှိပြီး၊ ကျန်ရှိသည့်ရပ်ကွက်များအလိုက်လည်း ယခုကဲ့သို့ နေ့စဉ်သောက်သုံးရေများလိုက်လံဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရေသန့်ဌာနမှ သိရသည်။
အဆိုပါ သောက်သုံးရေလိုက်လံဖြန့်ဝေပေးရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှကြီးကြပ်၍ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များက ဝိုင်းဝန်းကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဝေယံ(IPRD)