ကျောက်တန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အခြေခံအင်္ဂလိပ်စာ အခမဲ့ သင်တန်းဖွင့်လှစ်

ကျောက်တန်း မေလ ၇

ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်၌ ကျောင်းသား/ကျောင်းသူများ အင်္ဂလိပ်စာတတ်မြောက်စေရန် ရည်ရွယ်ပြီး အခြေခံအင်္ဂလိပ်စာ အခမဲ့သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် (၁၀)နာရီက Community Centre ခန်းမတွင် ပြုလုပ်ခဲ့သည်။ 

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးသန့်ဇင်ထွန်းက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်အား  ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြ ဆရာမ ဒေါ်ဇူးဇူးမွန်မှ ကျောင်းသား၊ ကျောင်းသူများအား အင်္ဂလိပ်စာ အခြေခံပညာကို စတင်သင်ကြားပေးခဲ့သည်။

အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ (၀)ဦးတို့က စိတ်ပါဝင်စားစွာ လေ့ကျင့်သင်ယူလျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နွေရာသီကျောင်းပိတ်ရပ်များတွင် ကျောင်းသား/ကျောင်းသူများအား သင်တန်းများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကို သိရှိရသည်။

နေလင်းကျော် (ပြန်/ဆက်)