တောင်ဥက္ကလာပမြို့နယ်တွင် မီးလောင်မှုဖြစ်ပွား

တောင်ဥက္ကလာပ ဧပြီ ၂၆

တောင်ဥက္ကလာပမြို့နယ် ၂၅-၄-၂၀၂၆ ရက်နေ့  ညနေ ၅ နာရီ ၂ မိနစ်ခန့်အချိန်တွင် အမှတ်(၅)ရပ်ကွက် သုမင်္ဂလာလမ်း အမှတ်(၁၀၆၀/၃)ဆိုင်ခန်းပိုင်ရှင် ဦးစိုးလှိုင် လပြည့်ဝန်း Gas ဆိုင် (၂)ထပ်အဆောက်အဦ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုတွင် Portable Magnetic Gas မီးဖိုပြုပြင်ရာမှ Spark ပွင့်၍ ဘေးတွင်ရှိသော 15kg Gas အိုးမှ တစ်ခါသုံး Gas ဘူးအ‌သေးသို့ ဖလှယ်ရာ ပိုက်ပြုတ်ပြီး မီးကူးစက်ရာမှ စတင် လောင်ကျွမ်းခဲ့သဖြင့် မီးငြှိမ်းသတ် ယာဉ်(၁၄)စီး၊ ရေသယ်ယာဉ်(၁၄)စီး၊ အထောက်အကူ ပြုယာဉ်(၁)စီး၊ ကွပ်ကဲမှုယာဉ်(၁)စီး တို့ဖြင့် အင်အား သန္ဓေ(၁၄၉)ဦး၊ အရန်(၆၀)ဦးတို့ ဖြင့်ငြိမ်းသတ်ခဲ့ရာ ညနေ ၅ နာရီ  ၂၂ မိနစ်တွင် မီးထိန်းခဲ့ပြီး ညနေ ၅ နာရီ  ၃၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုဖြစ်စဉ်ကြောင့် အနီးနားရှိ ဆိုင်ခန်းများကူးစက်လောင်ကျွမ်းခဲ့ပြီး ဦးစိုးလှိုင်(၆၆)နှစ် ဝဲ/ယာလက်၊ ဝဲ/ယာခြေ၊ ကျောကုန်းတို့တွင် ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)အား စံပြဆေးဆေးရုံသို့ပို့ပြီးနှင့် ဦးစိုးဝင်း အသက်(၇၂)နှစ် ဝဲ/ယာလက်၊ ဝဲ/ယာခြေတို့တွင် မီးလောင်ဒဏ်ရာများ(မစိုးရိမ်ရ)အား မြောက်ဥက္ကလာပဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရသည်။

ခင်ဆွေနှင်း(ပြန်/ဆက်)