ဟိုမိန်းမြို့တွင် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေး ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းလုပ်ငန်း ဆောင်ရွက်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့၌ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပိုးလောက်လန်းနှင့် ခြင်ပေါက်ဖွားမှုမရှိစေရန် ဖုံး၊ သွန်၊ လဲ၊ စစ်ခြင်း၊ အဘိတ်(Abate)ဆေးခတ်ခြင်းကို ယနေ့နံနက် ၈ နာရီမှစတင်၍ ဟိုမိန်းမြို့မဈေးနှင့် မြို့ပေါ်ရပ်ကွက်များအတွင်း လိုက်လံဆောင်ရွက်ပေးခဲ့သည်။