ကျိုက်ထိုမြို့‌နယ်တွင် မြို့နယ်မီးသတ်တပ်ဖွဲ့မှ သောက်သုံးရေအခက်အခဲရှိသည့် ပြည်သူများအား ရေသွားရောက်လှူဒါန်း

ကျိုက်ထို  မေ  ၇

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ပေါ်ရှိ ရေအခက်အခဲဖြစ်သည့် ပြည်သူများအား မြို့နယ်မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက် ၈ နာရီတွင် သောက်သုံးရေများ လိုက်လံလှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့လှူဒါန်းရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝေယံအောင်၏ ဦးဆောင်မှုဖြင့် သန္ဓေနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်းကာ တိုင်ကော်ကျေးရွာရှိ ရေအခက်အခဲဖြစ်သည့်ပြည်သူများအား ဂါလံ ၁၆၀၀ ဆံ့ ရေသယ်ယာဉ်ဖြင့် သောက်သုံးရေများနေအိမ်အရောက် လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။

ကျိုက်ထိုမြို့နယ်တွင် မီးသတ်ဦးစီးဌာန၏ ပြည်သူ့အကျိုးပြုလုပ်ငန်းအနေဖြင့် သောက်သုံးရေများကို ဘုန်းတော်ကြီးကျောင်းများ၊ ဘာသာရေးကျောင်းများ၊ အများပြည်သူသုံးရေကန်များနှင့် ရေရှားပါးရာနေရာများသို့ နှစ်စဉ်လိုက်လံလှူဒါန်းပေးခဲ့ကြောင်း ဆက်လက်၍လည်း ထပ်မံလှူဒါန်းသွားမည်ဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။

ကျိုက်ထိုပြန်/ဆက်