ကန့်ဘလူ မေ ၇
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့က ကြီးမှူး၍ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ မေ ၇ ရက်နံနက် ၉ နာရီက ၂၀၂၄ ခုနှစ် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီ၊ ကာတွန်းနှင့်ပိုစတာပြိုင်ပွဲ ကျင်းပသည်။
ပြိုင်ပွဲများကျင်းပရာသို့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး သန်းကျော်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးနိုင်ဝင်းနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူများ၏ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲ ဝင်ရောက်ယှဥ်ပြိုင်နေမှုကို ကြည့်ရှုအားပေးသည်။
အဆိုပါ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲတွင် မူလတန်းဆင့်၊ အလယ်တန်းဆင့်နှင့် အထက်တန်းဆင့် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၉ ဦးဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး ဆုရရှိသူများအား ဇွန် ၂၆ ရက်နေ့ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)