ဒေးဒရဲမြို့နယ် လေးအိမ်ကုန်းကျေးရွာ၌ မိုးစပါးအထွက်နှုန်းတိုးတက်စေရေး (Drum Seeder) အသုံးပြု မျိုးစေ့ချပွဲ ကျင်းပ

ဒေးဒရဲ မေ ၇

ဧရာဝတီတိုင်ဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက မြို့နယ်အတွင်းရှိ မိုးစပါးစိုက်ဧကများတွင် တစ်ဧက စပါးအထွက်နှုန်း ပိုမိုတိုးတက်စေရေးနှင့် လယ်ယာလုပ်သား ရှားပါးမှုနှင့် ကောက်စိုက်စရိတ်ကြီးမြင့်သည့် အခက်အခဲများကျော်လွှား၍ ကုန်ကျစရိတ်သက်သာစွာဖြင့် အချိန်တိုအတွင်း ပြီးစီးနိုင်သော မျိုးစေ့ချ ကိရိယာဖြင့် တိုက်ရိုက်မျိုးစေ့ချ စိုက်ပျိုးနည်းစနစ်ကို တောင်သူများ ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ၂၀၂၄- ၂၀၂၅ ခုနှစ် မိုးစပါးရာသီ (Drum Seeder)ဖြင့် အသုံးပြု၍ မျိုးစေ့ချစိုက်ပျိုးပွဲ အခမ်းအနားကို ယနေ့နံနက် (၈)နာရီခွဲက လေးအိမ်ကုန်းကျေးရွာအုပ်စုရှိ ကွင်းအမှတ် (၁၄၅)၊ ဦးပိုင်အမှတ် (၉/၄)ရှိ တောင်သူဦးဝင်း၏ လယ်မြေတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ မျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စပါးတိုက်ရိုက်မျိုးစေ့ချပွဲ အခမ်းအနားကို ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်လင်းနှင့် ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးကျော်ကျော်နှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများနှင့် ဒေသခံတောင်သူများ တက်ရောက်လေ့လာအားပေးကြည့်ရှုခဲ့ကြောင်း သိရသည်။

၎င်းမျိုးစေ့ချ ကိရိယာ (Drum Seeder) ဖြင့် စပါးမျိုးစေ့ချ စိုက်ပျိုးခြင်းဖြင့် စပါးကြဲခင်းထက် မျိုးစေ့နှုန်း လျော့ချနိုင်ခြင်း၊ ပျိုးနုတ်ရန်မလိုအပ်ခြင်းကြောင့် ပျိုးပင်ထိခိုက်မှု သက်သာစေခြင်း၊ အမြစ်ကြီးထွားဖွံ့ဖြိုးမှု စောစီးစွာရရှိစေခြင်း၊ ရေကြီးနစ်မြှပ်ခြင်းနှင့် ရေငတ်ဒဏ်ကို ပိုမိုခံနိုင်ရည်ရှိစေခြင်း၊ အသုံးပြုမြေသြဇာ၏ အကျိုးသက်ရောက်နိုင်စွမ်း ပိုမိုကြာမြင့်စေခြင်းစသည့် အကျိုးကျေးဇူးများရရှိနိုင်ပြီး လုပ်သားသုံးစွဲမှု လျော့နည်းစေကာ လောင်စာဆီသုံးစွဲရန် မလိုအပ်ခြင်းကြောင့် ကုန်ကျစရိတ်သက်သာစေပြီး ပျိုးထောင်စိုက်ပျိုးခြင်းစနစ်နှင့် အထွက်နှုန်းသိသာစွာကွဲပြားခြားနားမှု မရှိခြင်းကြောင့်   စီးပွားရေးတွက်ချေကိုက်သည့် စိုက်ပျိုးနည်းစနစ်အား ဒေသခံပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိ ဆောင်ရွက်နိုင်စေရေးအတွက် မျိုးစေ့ချကိရိယာ (Drum Seeder) အသုံးပြု မျိုးစေ့ချပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇင်မောင်မောင်ထံက သိရသည်။

အေဇာလင်း