မိတ္ထီလာ မေ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် လှည်းပွဲကျေးရွာအုပ်စု လှည်းပွဲကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို ယမန်နေ့က အဆိုပါကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
မိတ္ထီလာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးဝင်းခိုင်ဦးက လှည်းပွဲကျေးရွာအုပ်စု လှည်းပွဲကျေးရွာရှိ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး မိသားစုဝင်ငွေတိုးပွားစေရန်နှင့် တိုးပွားလာသောရန်ပုံငွေများဖြင့် ကျေးရွာအတွက် အမှန်တကယ်လိုအပ်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများ လုပ်ကိုင်နိုင်စေရန် ရည်ရွယ်၍ အရင်းမပျောက်လည်ပတ် ရန်ပုံငွေကို နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် မြို့နယ်မြစိမ်းရောင် ကျေးရွာစီမံကိန်း တာဝန်ခံက မြစိမ်းရောင်ကျေးရွာစီမံကိန်း အကြောင်းအရာများ၊ အတိုးနှုန်းနှင့် ကာလသတ်မှတ်ချက်များ၊ ချေးငွေထုတ်ချေးရာတွင် လိုက်နားရမည့် စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးရွာစီမံကိန်းအဖွဲ့ဝင်များထံ လည်ပတ်ရန်ပုံငွေ ကျပ်သိန်း ၅၁၀အား လွှဲပြောင်း ပေးအပ်ခဲ့သည်။
အဆိုပါ မြစိမ်းရောင်စီမံကိန်းလည်ပတ်ရန်ပုံငွေ နဝမအကြိမ်မြောက် ထုတ်ချေးပေးခြင်းကို မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကျေးရွာမြစိမ်းရောင်စီမံကိန်းလုပ်ငန်းအဖွဲ့ဝင်များက လှည်းပွဲကျေးရွာမှ မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ ၁၀၄ ဦးတို့အား စီမံကိန်းရန်ပုံငွေ ကျပ် ၄၄၄ သိန်းနှင့် အရောင်းအဝယ်လုပ်ငန်းလုပ်ကိုင်း ၂၄ ဦးအား စီမံကိန်းငွေကျပ် ၆၆ သိန်းအား အသီးသီးထုတ်ချေးပေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်းဝင်းထံမှ သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)