တွံတေး မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းများ တာဝန်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တော်ဝင်စန္ဒကူးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်မှ အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်း တာဝန်များနှင့် မိုးစပါး Seeder ဖြင့် ရာနှုန်းပြည့်စိုက်ပျိုးနိုင်ရန် သက်ဆိုင်ရာတာဝန်ရှိသူများက စိုက်ပျိုးနိုင်ရေးကြီးကြပ်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်းတာဝန်များကို သက်ဆိုင်ရာဌာနများသို့ အသီးသီးပေးအပ်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မိုးစပါးရာသီတွင် စိုက်နည်းစနစ်မှန်ကန်စွာ မိုးစပါးအပြည့်အဝစိုက်ပျိုးနိုင်ရေးနှင့် အထွတ်နှုန်းတိုးတက်စေရေးအတွက် မိုးစပါးစိုက်ဧကများအား တိုက်ရိုက်မျိုးစေ့ချကိရိယာ (Seeder) ဖြင့် စိုက်ပျိုးနိုင်ရန်စီမံကိန်းတာဝန်ပေးအပ်ခြင်းကို ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ အား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်နှင့် ဌာနဆိုင်ရာအကြီးအကဲများက ဒေသန္တရစီမံကိန်း ရည်မှန်းချက်လုပ်ငန်း တာဝန်များပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်မြင့်က နိဂုံးချုပ်ပြန်လည်ပြောကြားခဲ့ပြီး အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
တွံတေးသား