သုံးခွ မေ ၈
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ၂၀၂၄ ခုနှစ် မေလ ၈ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့ကြက်ခြေနီနေ့ အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်းအောင်က အမှာစကားပြောကြားပြီး မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဥာဏ်မြင့်မှ မြန်မာနိုင်ငံကြက်ခြေနီအသင်းဥက္ကဋ္ဌ ပါမောက္ခ ဒေါက်တာမျိုးညွန့် ပေးပို့သည့်သဝဏ်လွှာအား ဖတ်ကြားသည်။
ထို့နောက် မြို့နယ်ကြက်ခြေနီအသင်း အတွင်းရေးမှူး ဦးဝင်းနိုင်က သုံးခွမြို့နယ် ကြက်ခြေနီအသင်းခွဲ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဆောင်ရွက်မှုများနှင့် ရှေ့လုပ်ငန်းစဥ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ၂၀၂၄ ခုနှစ် နွေရာသီပန်းချီသင်တန်း၊ Level အလိုက်နှင့်ဂစ်တာသင်တန်းတို့အတွက် ပြီးမြောက်ကြောင်း လက်မှတ်ပေးအပ်ခြင်းနှင့် ပန်းချီသင်တန်းထူးချွန်ဆုများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆက်လက်၍ နည်းပြဆရာများအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်း၊ အလှူရှင်များမှ အလှူငွေများပေးအပ်ခြင်းနှင့် နေ့လယ်စာများဖြင့် တည်ခင်းဧည့်ခံ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)