ကျောက်တံခါး မေ ၈
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၌ ပဲခူးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ၏ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ်မဲပေးလေ့လာခြင်းအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညွန့်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ကျောက်တံခါး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြို့နယ်ကော်မရှင်အရာရှိ ဒေါ်နေနွယ်လင်းက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ မဲဆန္ဒရှင် ပြည်သူများ လက်တွေ့စမ်းသပ်မဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် မဲပေးပုံအဆင့်ဆင့်အား အသေးစိတ်ပါဝါပွိုင့်ဖြင့် ရှင်းလင်းဆွေးနွေးပေးသည်။
ဆက်လက်၍ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ခရိုင်ကော်မရှင်အရာရှိ ဦးမင်းသက်နောင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်စပ်လျဥ်း၍ ဆွေးနွေးရှင်းလင်းပြောကြားပြီးသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ပါတီအသီးသီးမှ ကိုယ်စားလှယ်များ၊ ရပ်ကွက်၊ ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ကော်မရှင်အဖွဲ့ဝင်များ စုစုပေါင်း (၃၆၂) ဦးမှ မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) အသုံးပြု၍ လက်တွေ့စမ်းသက်မဲပေးလေ့လာပြီး သိလိုသည်များ မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)