မြစ်သားမြို့နယ်တွင် အပူပိုင်း‌‌‌‌‌ဒေသစိမ်းလန်းစိုပြည်ရေးအတွက် ၂၀၂၄ခုနှစ် မိုးရာသီ၌စိုက်ပျိုးရန် သစ်ပင်မျိုးစုပျိုးပင်ပေါင်း(၄၆၇၁၀)ပင်များ ပျိုးထောင်      

 မြစ်သား မေ ၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာနမှ ၂၀၂၄ခုနှစ် မိုးရာသီ၌စိုက်ပျိုးရန် သစ်ပင်မျိုးစုံပျိုးပင်ပေါင်း (၄၆၇၁၀)ပင်များကို ပျိုးဉယျာဥ်တို့တွင် ပျိုးထောင်ထားလျက်ရှိကြောင်း သိရသည်။

မိုးရာသီကာလ သစ်ပင်စိုက်ပျိုးနိုင်ရန် မြို့မအရှေ့ရပ်ကွက်အတွင်းရှိ အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန ပျိုးဥယျာဉ်တွင် ယူကလစ်ပင် (၁၄၆၁၁)ပင်၊ တမာပင် (၄၄၄၅)ပင်၊ ဒဟတ်ပင် (၃၀၁၆)ပင်၊ သင်္ဘောကုက္ကိုပင်(၁၂၅၂၆)ပင်၊ မြန်မာကုက္ကိုပင်(၁၅၄၀)ပင်၊ ဖျောက်ဆိပ်ပင် (၆၀၂၈)ပင်၊ မဲဇလီ (၃၉၄၄)ပင်၊ ကျွန်းပင်(၆၀၀)ပင်စသည့်ပျိုးပင်ပေါင်း (၄၆၇၁၀)ပင်များကို ပျိုးထောင်ထားလျက်ရှိပြီး ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပွဲတော်တွင် သစ်ပင်စိုက်မည့်ဌာနဆိုင်ရာရုံးများနှင့် ဒေသခံပြည်သူများထံသို့ အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း အပူပိုင်းဒေသစိမ်းလန်းစိုပြည်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်ဇင်ထံမှ သိရသည်။

ဝင်းမင်းထွန်း (မြစ်သား)