ကလောမြို့ သောက်သုံးရေရရှိနိုင်ရေးအတွက် စိမ့်စမ်းရေထွက်များသို့ ကွင်းဆင်းကြည့်ရှု

ကလော မေ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့ပေါ်ရပ်ကွက်များ သောက်သုံးရေရရှိနိုင်ရေးအတွက် စိမ့်စမ်းရေထွက်များသို့ ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ဆည်မြောင်းဦးစီးဌာန တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ရေလုပ်ငန်းကျွမ်းကျင်သူများက စိမ့်စမ်းရေထွက် ရှိသည့် ရေထွက်များအား ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

ကလောမြို့ သောက်သုံးရေရရှိရေး ကွင်းဆင်းသည့်အဖွဲ့သည် စိမ့်စမ်းရေထွက်သို့ ရောက်ရှိကာ  ရေထွက်နှုန်းအားအခြေအနေများ၊ စိမ့်စမ်းရေထိန်းပြုလုပ်ရမည့်အခြေအနေများ၊ ရေစုကန်နှင့် ရေသွယ်တန်းဆောင်ရွက်လို့ရနိုင်မည့်အခြေအနေများအား ကွင်းဆင်းကြည့်ရှု၍ သောက်သုံးရေရရှိရေးအတွက် သက်ဆိုင်ရာအကြီးအကဲထံ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)