သံဖြူဇရပ် ဧပြီ ၂၇
၂၀၂၆ ခုနှစ်ဧပြီ ၂၇ မှ ဇွန် ၃၀ ရက်ထိ ရက်သတ္တ (၁၀) ပတ်ကြာ ဖွင့်လှစ်မည့် ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဥ် (၂၄) အား ဝဲကလိကျေးရွာရှိ အမှတ် (၄) တပ်မတော်တန်းမြင့် လေ့ကျင့်ရေးကျောင်းစစ်ရေးပြကွင်းတွင် ယနေ့ နံနက် ၇ နာရီအချိန်က သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပပြုလုပ်ရာ အခမ်းအနားသို့ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ဝင်းသန်း၊ တိုင်းဦးစီးချုပ် (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) ဗိုလ်မှူးချုပ် ဌေးလွင်ဦး၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ဒုတိယကျောင်းအုပ်ကြီး မွန်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်စွာမြင့်၊ ပြည်နယ်အစိုးရအဖွဲ့ (အတွင်းရေးမှူး) ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဥာဏ်လင်းထွေး၊ ပြည်နယ်ရဲမှူးကြီး ထွန်းအောင်ကျော်၊ နည်းပြအရာ ရှိ/ စစ်သည်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသားစုစုပေါင်း (၂၈၃) ဦး တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် အမှတ် (၄) တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦးက သင်တန်းဖွင့်မိန့်ခွန်းပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)