ရွှေသောင်ယံ မေ ၂
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့၊ ကျေးလက်ကျန်းမာရေးဌာနခွဲတွင် ယနေ့ နံနက်(၁၀)နာရီက မွေးကင်းစမှ အသက်နှစ်နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များကို အဆိုပါကျန်းမာရေးဌာနရှိ ဆရာမများမှ ပုံမှန်ကာကွယ် ဆေးများကို ထိုးနှံတိုက်ကျွေးပေးလျက်ရှိသည်။
ထိုသို့ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးရာတွင် ရှေးဦးစွာ ကာကွယ်ဆေးထိုးနှံတိုက် ကျွေးရမည့် စာရင်းများကောက်ယူခြင်း၊ ကလေးငယ်များအားပေါင်ချိန်ခြင်း၊ ဆေးတိုက်ဆေး ထိုးရန် လအလိုက်ခွဲခြား သတ်မှတ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးများဖြစ်သည့် ဝက်သက်၊ ဂျိုက်သိုးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ဘီစီဂျီ၊ ငါးမျိုးစပ်၊ ပြင်းထန်အဆုတ်ရောင်(pcv)၊ ပိုလီယို၊ တီဘီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ၊ အသည်းရောင်အသားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင်၊ အဆုတ်ရောင်ရောဂါ ကိုယ်ဝန်ဆာင်မိခင်များအတွက် ကာကွယ်ဆေးများနှင့် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ရွေသောင်ယံ(ပြန်/ဆက်)