ပဲခူးမြို့၌ အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများ ဖွင့်လှစ်သင်ကြား

ပဲခူး မေ ၂       

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် လူငယ်များအားအသိပညာ၊ အတတ်ပညာများ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အခြေခံကွန်ပျူတာသင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများကို ပဲခူးမြို့ ‌ရွှေမော်ဓောဘုရားလမ်းရှိ ပဲခူးတိုင်း ဒေသကြီးလူငယ်စင်တာ၌ မေလ(၂)ရက်နေ့မှစတင်ပြီး ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။  

အဆိုပါသင်တန်းများဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ပန်းချီသင်တန်းတွင် သင်တန်းသား/သူ ၅၆ ဦး၊ ကွန်ပျူတာသင်တန်းတွင် သင်တန်းသား/သူ ၄၀ ဦး၊ အခြေခံဂီတာတီးသင်တန်းတွင် သင်တန်းသား/သူ ၂၂ ဦး တက်ရောက်လျက်ရှိပြီး ကိုယ်ကာယ လေ့ကျင်ခန်း Gym သင်တန်း တွင်လည်း လူငယ်မောင်မယ်များ ပျော်ရွှင်စွာ လာရောက်ကစားလျက် ရှိကြောင်းသိရသည်။         

ပဲခူးတိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၏ ဦးဆောင်မှုဖြင့် ဖွင့်လှစ်သည့် အခြေခံကွန်ပျူတာ သင်တန်း၊ ပန်းချီသင်တန်း၊ ဂစ်တာတီးသင်တန်းနှင့် (GYM)သင်တန်းများကို မေလ(၂)ရက်နေ့မှ ဇွန်လ(၃၀)ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင်(ပြန်/ဆက်)