မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တတိယအကြိမ်မြောက်၊ ပရိယတ္တိနွေရာသီသင်တန်း (summer School) သင်တန်းဆင်းပွဲကျင်းပ

မိုင်းကိုင် မေ ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ တတိယ အကြိမ်မြောက် ပရိယတ္တိနွေရာသီသင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်က မြို့လယ်ဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့ရာ ဆရာတော်သံဃာတော်များ၊ ‌မြို့နယ်အဆင့်ဌာန ဆိုင်ရာများ၊ မြို့မိ မြို့ဖများ၊ သင်တန်းဖြစ် မြောက်ရေးကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် စာချပုဂ္ဂိုလ်များ၊ ဆရာ ဆရာမများနှင့် သင်တန်းသား ရဟန်း၊ ရှင်သာမဏေများ တက်ရောက်သည်။

အခမ်းအနားတွင် မြို့နယ်ပရိယတ္တိပညာရေးကော်မတီ ဥက္ကဋ္ဌ၊ ဝမ်ကောင်းကျောင်း ဆရာတော် ဘဒ္ဒန္တစာရိန္တ ကအဖွင့်ဩဝါဒစကားပြောကြားပြီ၊ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်၊ ဘဒ္ဒန္တကုမာရတေဇ၊ မြို့နယ်သံဃနာယက အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တစန္ဒာဝတို့က သင်တန်းနှုတ်ခွန်းဆက်စကားပြောကြားကာ တာဝန်ရှိ ဆရာတော် သံဃာတော်များက သင်တန်း၏ စာချပုဂ္ဂိုလ်များ၊ ဆရာဆရာမများ၊ ဝေယျာဝစ္စအဖွဲ့များ၊ စေတနာရှင်အလှူရှင်များနှင့် သင်တန်းသား ရဟန်း၊ရှင်သာမဏေများကို ဂုဏ်ပြုမှတ်တမ်းလွှာ၊ သင်တန်းဆင်းဂုဏ်ပြုလက်ဆောင်နှင့် သင်တန်းဆင်းအောင်လက်မှတ်များ အသီးသီးချီးမြှင့်သည်။

အဆိုပါ သင်တန်းသည် ပရိယတ္တိပညာရေးတွင်  ထူးချွန်ထက်မြတ်သည့် ရဟန်း၊ ရှင်သာမဏေများ၊  စာချပုဂ္ဂိုလ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်ကြားရေး ဘာသာရပ်(၁၂)ခုဖြင့် သင်တန်းကာလ (၄၅) ရက်တာအတွင်း  သင်တန်းသား ရဟန်း၊  ရှင်သာ‌မဏေ စုစုပေါင်း ၄၀ ပါးတို့ကို သင်ကြားပို့ချပေးနိုင်ခဲ့ကြောင်း သိရသည်။

ချော(မိုင်းကိုင်)