သာယာဝတီ မေ ၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ နှစ် (၈၀) ပြည့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ယနေ့နံနက် ၇ နာရီက ခရိုင်ပြည်သူ့ဆေးရုံ ကြီး တွင် စုပေါင်းသွေးလှူဒါန်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
နှစ်(၈၀)ပြည့် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသည့် သွေးလှူဒါန်းပွဲ အခမ်းအနားကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးခင်မောင်လတ်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက စုပေါင်းသွေးလှူဒါန်းပွဲကို ဆောင်ရွက်ခဲ့ရာ သန္ဓေတပ်ဖွဲ့ဝင် (၁၀)ဦးတို့က စုပေါင်းသွေးလှူဒါန်းခဲ့ကြပြီး သွေးလှူရှင်တပ်ဖွဲ့ဝင်တစ်ဦးချင်းအား မြို့နယ်ဦးစီးမှူးက ကြက်ဥနှင့်အချိုရည်များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)