မင်္ဂလာဒုံမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်း ပြုလုပ်

မင်္ဂလာဒုံ     မေ      ၂

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community centre) ခန်းမ၌ ပျဉ်းမငုတ်တိုနှင့် ဘာသာစကားဆက်သွယ်ချက် (စာတမ်းငယ်) ခေါင်းစဉ်ဖြင့် စာပေ ချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့်စာဖတ်ဝိုင်းကို ယနေ့နံနက်  ၉ နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူဖြူဝင်းက စာဖတ်ဝိုင်းပြုလုပ်ရသည့် ရည်ရွယ်ချက်ကို ပြောကြားပြီး မြို့နယ်စာရေး‌‌ဆရာအသင်းဥက္ကဋ္ဌ ဦးငွေစိုးက ပျဉ်းမငုတ်တိုနှင့် ဘာသာစကားဆက်သွယ်ချက် (စာတမ်းငယ်) အားဖတ်ကြား ဆွေးနွေးသည်။ ထို့နောက် စာဖတ်ဝိုင်း ဆွေးနွေးပွဲသို့တက်ရောက်လာကြသည့် စာရေးဆရာများနှင့် စာပေဝါသနာရှင်များက စာရေးဆရာကိုငွေ (မြန်မာစာ)ပြုစုသည့် ပျဉ်းမငုတ်တိုနှင့် ဘာသာစကားဆက်သွယ်ချက် (စာတမ်းငယ်) စာတမ်းပါ စာရေးဆရာမင်းသုဝဏ် ရေးသားသည့် ပျဉ်းမငုတ်တိုကဗျာ၊ ပျဉ်းမငုတ်တို၏အဖွင့်၊ အဖွင့်စာသားနှင့် ဘာသာစကားဆက်သွယ်ချက်၊ ဘာသာ- စာပေပေါင်းကူးရှုထောင့်၊ ကာရံနှင့်အသံ စသည့် အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြပြီး စာဖတ်ဝိုင်းသို့ စာရေးဆရာများနှင့် စာပေဝါသနာပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်