ပြည်ကြီးတံခွန်မြို့နယ် တက္ကသိုလ်ဝင်စာဖြေဌာနကျောင်းများတွင် Grade -12 ကျောင်းသား/သူ (၇၉၉)ဦး တက္ကသိုလ်ဝင် စာမေးပွဲ ပဉ္စမနေ့အဖြစ် ရူပ ဗေဒနှင့်သမိုင်းဘာသာရပ်အား ဆက်လက်ဖြေဆို
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၌ ၂၈.၃.၂၀၂၅ရက်နေ့တွင် လှုပ်ခတ်သွားခဲ့သော မန္တလေးငလျင်ကြီးကြောင့် တက္ကသိုလ်ဝင် Grade-12အဖြေလွှာများ ပျက်စီးဆုံးရှုံးခဲ့ကာ ယခု ၂၀၂၅ ခုနှစ် ဇွန်လ ၁၉ရက်နေ့တွင် ယနေ့နံနက်၉နာရီမှ စတင်၍ တက္ကသိုလ်ဝင် စာဖြေဌာနကျောင်းများတွင် Grade-12 ကျောင်းသား/သူများ တက္ကသိုလ်ဝင်စာမေးပွဲရူပဗေဒနှင့် သမိုင်းဘာသာရပ်အား ပဉ္စမနေ့အဖြစ် ဆက်လက်ပြန်လည်ဖြေဆိုလျက်ရှိကြောင်း သိရသည်။