ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

ကရင်ပြည်နယ်၊  ဘားအံတက္ကသိုလ်၌ မူးယစ်ဆေးဝါးများအန္တရာယ်နှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဘားအံတက္ကသိုလ် ငုရွှေဝါခန်းမတွင် ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ၊ ရုံးအဖွဲ့များမှ ဝန်ထမ်းများတက်ရောက်ခဲ့သည်။

သာပေါင်းမြို့နယ် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့မှ မြို့အဝင်ဂိတ်တွင် စဉ်ဆက်မပျက် ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့ဝင်များနှင့်ဌာနဆိုင်ရာ ပူးပေါင်းအဖွဲ့တို့က ကြပ်မတ်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီ အချိန်က ကွက်ပြင်ကျေးရွာအုပ်စု၊ပိန္နဲကုန်းကျေးရွာရှိ မြို့အဝင် စစ်ဆေးဂိတ်တွင် ဆောင်ရွက်ကြကြောင်း သိရသည်။

ဓနုဖြူမြို့နယ်၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအကြောင်း အသိပညာပေး(Talk Show)ကျင်းပ

ဓနုဖြူမြို့နယ်၌ အမှိုက်ခွဲခြားစွန့်ပစ်ခြင်းအကြောင်း အသိပညာပေး(Talk Show)ကျင်းပ ဓနုဖြူ ဇွန် ၁၈ မြို့နယ်(ပြန်/ဆက်)

ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာ‌မေး‌ပွဲ ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် (၂၀၂၅)ခုနှစ်တွင် ပြန်လည်ကျင်းပသည့် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့တွင် မြို့နယ်ရှိစာစစ်ဌာန(၂)ခုတွင် ဓာတုဗေဒဘာသာရပ်နှင့် ပထဝီဝင်ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြင့် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့၌ တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အာဟာရမုန့်နှင့် အချိုရည်ဘူးများ ဝေငှပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ စာစစ်ဌာနများတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ လာရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား ပညာရေးဌာနမှ အာဟာရမုန့်နှင့် အချိုရည်ဗူးများကို ယနေ့မွန်းတည့် (၁၂)နာရီက ဝေငှပေးခဲ့ကြောင်း သိရသည်။

ပုဇွန်တောင်မြို့နယ်တွင် ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့်ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေးဆွေးနွေးပွဲဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ် အမှတ်(၁၀)ရပ်ကွက်၊ ဗိုလ်တထောင်ဘုရားလမ်းရှိ မြို့နယ်ပညာရေးမှူးရုံး၊ တေဇခန်းမ၌ ဇွန်လ ၁၇ ရက်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့်ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသား/ကျောင်းသူများ ကျန်းမာရေးနှင့် ကျန်းမာရေးအဆင့်မြှင့် ကျောင်းများထူထောင်ရေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများတိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် (၁၁) နာရီက မှော်အိုင်ကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း(ခွဲ)ရှိ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

တာမွေမြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/သူ၊ လူငယ်လူရွယ်လေးများအနေဖြင့် မူးယစ်ဆေးဝါးအမျိုးမျိုးတို့၏ ကြောက်မက်ဖွယ်ရာ ဆိုးကျိုးအန္တရာယ်များနှင့်ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး မူးယစ်ဆိုလျှင် ဝေးဝေးကပင် ရှောင်ရှားနိုင်စေရန်အတွက် ရည်ရွယ်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စီစဉ်ကျင်းပသော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုအဖြစ် ကဗျာရွတ်ဆိုပြိုင်ပွဲကို ဇွန်လ(၁၇)ရက်နေ့ မွန်းလွဲပိုင်းအချိန်က ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ အဝေရာလမ်းရှိ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to