ဟင်္သာတမြို့နယ်၌ မြို့၊ ရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဒူးယားမြို့ သုတရွှေကြယ်စင်စာကြည့်တိုက်သို့ စာအုပ်လှူဒါန်းပွဲပြုလုပ်

မြို့၊ ရွာများရှိ ပြည်သူများအနေဖြင့် စာပေဖတ်ရှုသူရာတွင် ဗဟုသုတများ တိုးပွားလာစေရန်နှင့် မြို့၊ ရွာများရှိ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ဒူယားမြို့ သုတရွှေကြယ်စင် စာကြည့်တိုက်သို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ယမန်နေ့ကသွားရောက်၍ စာအုပ်များ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ညောင်ရွှေမြို့၌ ၂၀၂၅-ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြိုဟောပြောပွဲနှင့် မှတ်ဉာဏ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်

၂၀၂၅-ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။

အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရတနာစံကျောင်းတော် ပင်မကျောင်းဆောင်တိုင် (၄၁)လုံး ထပ်ပိုးကွန်ကရစ်သွန်းလောင်းခြင်းလုပ်ငန်း ၉၅ ရာခိုင်နှုန်းပြီးစီး၍ အလှူရှင်များမှ ထည့်ဝင်လှူဒါန်းလျက်ရှိ

မတ်လ (၂၈)ရက်နေ့ နေ့လယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် မန္တလေးမြေငလျင်ကြီးကြောင့် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်၊ အင်းလေးဖောင်တော်ဦးမြတ်စွာဘုရားရင်ပြင်တော်၊ ရတနာစံကျောင်းတော် အချို့နေရာများ၊ ဒေသစာရီကြွချီတော်မူရာတွင် အသုံးပြုသည့် ကရဝိတ်ဖောင်တော်နှင့် ဖောင်တော်ထားရှိသည့် အဆောက်အအုံ ထိခိုက်ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဘုရားဖူးလာ ပြည်တွင်းပြည်ပဧည့်သည်များ အန္တရာယ်ကင်းရှင်းစေရေးအတွက် ဘုရားဂေါပကအဖွဲ့မှ စံကျောင်းတော်ပေါ်သို့ တက်ရောက်ဖူးမြော်ကြည်ညိုခွင့်ကို ယာယီပိတ်ထားခဲ့သည်။

ရပ်စောက်မြို့နယ်၌ ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် စိမ်းလန်းစိုပြေရေးနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်တို့အတွက် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက ရပ်စောက်-ပင်းတယ သွားလမ်းတောင်ဘက်၊ မြို့အဝင်ဆိုင်းဘုတ်အနီး၊ အင်းခေါင်းကန်၊ ရေဝေရေလဲ ဧရိယာအတွင်း၌ ကျင်းပသည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ စာကြည့်တိုက်ဆောက်လုပ်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှု စစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းတွင် ဒက္ခိဏသီရိမြို့နယ်၊ မဲဒီးကျေးရွာ၊ အလင်းစေတမန် စာကြည့်တိုက်ဆောက်လုပ်မှုပြီးစီးမှုအခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ပဲခူးမြို့၌ ကျင်းပပြုလုပ်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ ဝိတ်တန်းအလိုက် ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် ဇွန်လ ၁၈ ရက်နေ့၊ နံနက်ပိုင်းက အစိုးအဖွဲ့တာဝန်ရှိသူများနှင့်အတူ ပဲခူးမြို့ အားကစားဥယျာဉ်မိုးလုံလေလုံခန်းမ၌ ပဲခူးတိုင်းဒေသကြီးမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပနေသည့် ၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုပြိုင်ပွဲ အမျိုးသား၊ အမျိုးသမီးဝိတ်တန်းအလိုက် ရှုံးထွက်အတိုက်ပြိုင်ပွဲများ ယှဉ်ပြိုင်ကစားနေမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။ 

ဆေးတက္ကသိုလ်-​တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ ကျင်းပ

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးနှင့် မျိုးဆက်သစ်ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေး၊ နိုင်ငံ့ဂုဏ်ဆောင်အားကစားသမားမျိုးဆက်သစ်များ ပေါ်ထွက်ရေး၊ နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် အဆင့်မီမီပါဝင်ယှဥ်ပြိုင်အနိုင်ရေး၊ အမျိုးသားအားကစားပွဲများတွင် ပြည်နယ်အဆင့်နှင့် ဝန်ကြီးဌာနအဆင့်များတွင် အဆင့်မီစွာ ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး ရည်ရွယ်ချက်ဖြင့် ယမန်နေ့ ညနေ(၃)နာရီက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ဆေးတက္ကသိုလ်-တောင်ကြီးပါမောက္ခချုပ် တံခွန်စိုက်ဖလားဘောလုံးပြိုင်ပွဲ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှုကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များအား ကြည့်ရှုစစ်ဆေး

နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲပိုင်းတွင် ပျဉ်းမနားမြို့နယ်၊ ရွာကောက်ရပ်ကွက်တွင် မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးပူးပေါင်းဆောင်ရွက်မှု ကော်မတီရန်ပုံငွေဖြင့် ဆောက်လုပ်လျက်ရှိသည့် ကျေးရွာစာကြည့်တိုက်များ ဆောက်လုပ်နေမှုအခြေအနေများနှင့် ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။

ဓနုဖြူမြို့နယ်၌ စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့်လုပ်ငန်းများအား တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားသောက်ဆိုင်များ၊ အစားအသောက်ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများအား ယမန်နေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
Subscribe to