ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ချင်းပြည်နယ်၏မြေယာဆိုင်ရာ အသိပညာပေး ဟောပြောဆွေးနွေးပွဲသို့တက်ရောက်

ချင်းပြည်နယ်၏မြေယာဆိုင်ရာအသိပညာပေး ဟောပြောဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတောင်သူကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။

လဲချားမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)တွင် သတိပြုဆင်ခြင်ဖွယ် မိုင်းအန္တရာယ် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်

အနာဂတ်မျိုးဆက်သစ်လူငယ်များပေါ်ထွန်းလာစေရန်နှင့် ကျောင်းသား၊ကျောင်းသူများ မိုင်းအန္တရာယ်နှင့်ပတ်သက်သည့် အသိပညာများရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီ အချိန်က ရှမ်းပြည်နယ်တောင်ပိုင်း လဲချားမြို့နယ်အ‌ခြေခံပညာအထက်တန်းကျောင်း(နောင်မိန်း)၌ မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။

မိုင်းခတ်၌စာဖတ်ရှိန်မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေး

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်းနှင့် စာအုပ်များအသစ်လဲလှယ်ပေးခြင်းကို အပတ်စဉ်ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၁၀)နာရီခွဲအချိန်က မိုင်းခတ်မြို့၊‌ အမှတ်(၂)ရပ်ကွက်ရှိ စာဖတ်ပရိသတ်များထံ စာအုပ်များငှားရမ်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကာလိမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌​ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင်ပြသဆောင်ရွက်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အ.မ.က(မိုင်းယိုင်း)ကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် ဟင်္သာတမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးတင်အေးနှင့်တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့မွန်းလွဲပိုင်းကဟင်္သာတမြို့နယ်၊ ကိုင်းချောင်းကျေးရွာအုပ်စု၊ မဲဇလီညွှန့်ကျေးရွာသို့ ရောက်ရှိလာခဲ့ပြီး မဲဇလီညွန့်ကျေးရွာအနီးရှိ ဖြတ်တာ(၁-င)နှင့် ဟင်္သာတကမ်းနားတာအနီးတွင် ခွင့်ပြုရန်ပုံငွေ (၄၃၆.၀၀) ကျပ်သန်းဖြင့် မဲဇလီညွန့်ဖြတ်တာ အလျား(၃၀၅၀)ပေ  တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မောက်မယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ချစ်ခင်ရင်းနှီးကျွမ်းဝင်မှုပိုမိုရရှိစေရန်၊ ထူးချွန်ထက်မြက်သည့်အားကစားသမားကောင်းများပေါ်ထွန်းလာစေရန်နှင့် မြို့နယ်အဆင့်မှ ခရိုင်/ပြည်နယ်/တိုင်းအဆင့်မှ မြန်မာ့လက်ရွေးစင်အဆင့်ဆင့်သို့ တက်လှမ်းနိုင်စေရန်ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ရပ်ကွက်/ကျေးရွာအုပ်စုပေါင်းစုံ အသက်(၂၃)နှစ်အောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို မြို့နယ်နမ့်ယွမ်းခန်းမ၌ ယနေ့နံနက် ၉နာရီက ကျင်းပပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပ

မြန်မာအီလက်ထရောနစ်မဲပေးစက် အသုံးပြုခြင်းဆိုင်ရာ နည်းပြဆရာအဖြစ် သင်တန်းဖွင့်ပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့်ဇနီး၊ တိုင်းဒေသကြီး တရားသူကြီးချုပ်နှင့်ဇနီး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တိုင်းဒေသကြီး/ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

မောက်မယ်မြို့နယ်၌ မြို့နယ်အဆင့်မူးယစ်ဆေးဝါးအန္တရာယ်ကာကွယ်ရေးဆိုင်ရာ ပြိုင်ပွဲများ ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေးထက်မြက်စေရန်၊ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက်ရည်ရွယ်၍  ၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မြို့နယ်အဆင့်မူလတန်းဆင့်ပန်းချီပြိုင်ပွဲ၊ အလယ်တန်းနှင့်အထက်တန်းဆင့်စာစီစာကုံး၊ ကဗျာပြိုင်ပွဲကို အခြေခံပညာအထက်တန်းကျောင်း(မောက်မယ်)၊ နှင်းဆီဆောင်ခန်းမ၌ ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ချောင်းဆုံမြို့နယ် ရွာလွတ်အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား တွေ့ဆုံကာ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်

မွန်ပြည်နယ် ချောင်းဆုံမြို့နယ် ရွာလွတ်ကျေးရွာ အခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေး အထက်တန်းကျောင်း၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူအား ဇွန်လ (၁၇) ရက်နေ့ မွန်းလွဲ (၁) နာရီက စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် တာဝန်ရှိသူများမှ လာရောက်တွေ့ဆုံ အားပေးကာ ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခဲ့ကြောင်း သိရသည်။
Subscribe to